Discovering Korea Food With Gizzi Erskine

TLC
18 Mar 2017 - 12:40pm
အနောက်တိုင်းကို လွှမ်းမိုး နေရာယူလာတဲ့ ကိုရီးယားလှိုင်းတွေ ထဲမှာ ကေဖုဒ် (ကိုရီးယား အစား အစာ) လည်း အပါအ၀င်ပေါ့။ ကိုရီး ယား အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ အမျိုးအစား စုံလင် တယ်၊ ပြင်ဆင်ချက်ပြုတ်ရ လွယ်ကူပြီး အရသာလည်း ရှိပါတယ်။The Independent ရဲ့ အစား အသောက်ဆိုင်ရာ စာရေးဆရာမ ဂစ်ဇီအားစကိုင်းဟာ ကိုရီးယား အစားအစာ ကျွမ်းကျင်သူပေါ့။ ဒီအစီအစဉ်မှာ သူက အရောင်အသွေး စုံ လင်တဲ့ အစားအစာတွေ ဘယ်ကလာတယ်၊ ကိုယ့်မီးဖိုဆောင်မှာ ကိုယ့် ဘာသာကိုယ်ဘယ်လိုပြင်ဆင် ဖန် တီးမယ် ဆိုတာတွေကို တင်ဆက် ပေးပါလိမ့်မယ်။ ဂစ်ဇီဟာ တောင် ကိုရီးယားက သူ့မီးဖိုဆောင်ထဲကနေ ဘီဘင်ဘက်နဲ့ ကင်မ်ချိ တို့လို အစား အစာတွေ ဖန်တီးပြင်ဆင်ပုံတွေကို လမ်းညွှန် ပြသပေးပါလိမ့်မယ်။ အဲဒီ အစားအစာတွေဟာ ကိုရီးယားသမိုင်း နဲ့ ယဉ်ကျေးမှုမှာ ဘယ်လိုနေရာ ယူထားတယ် ဆိုတာတွေကို ရှာဖွေ စူးစမ်း တင်ပြရင်းနဲ့ပေါ့။