David Rocco's Dolce Vita

Nat Geo People
18 May 2017 - 7:50pm

ဒေးဗစ်ရော့ကိုတစ်ယောက် အီတလီနိုင်ငံတောင်ပိုင်းက နေပယ်လ်စ်ကို ရောက် နေပါပြီ။ ကမ္ဘာပေါ်မှာရှေးအကျဆုံး မြို့တစ်မြို့ပေါ့။နေပယ်လ်စ်ဟာ တေးဂီတ၊ ပြတိုက်တွေ၊ပန်းချီအနုပညာတွေနဲ့ ကျော်ကြားပြီး “ပီဇာ”နဲ့ “အက်စ်ပရက်ဆို”တို့ မွေးဖွားရာအရပ်ပေါ့။ ဒေးဗစ်အတွက်တော့ ဟင်းချက်နည်းဆိုင်ရာ စွန့်စားခန်းတွေ အတွက် ခရီးလှည့်လည်ဖို့ ပြီးပြည့်စုံတဲ့နေရာလည်း ဖြစ်နေပါတယ်။ သူ့အနေနဲ့ မြို့ထဲမှာ ပုန်းကွယ်နေတဲ့ ရတနာတွေကို ရှာဖွေမယ်၊ မြို့အနီးဝန်းကျင်က ရှုခင်းကောင်း လှတဲ့ ကက်ပရီ၊ အိရှိယာ၊ ပရိုချီဒါကျွန်းတွေနဲ့ အင်မတန်လှပတဲ့ ဆော်ရင်တိုကျွန်းဆွယ် တွေဆီကိုလည်း လှည့်လည်ကြည့်ပါလိမ့်မယ်။ ဒီတော့ ဒေးဗစ်နဲ့အတူ နေပယ်လ်စ်မြို့သား တွေရဲ့ ဂုဏ်သိက္ခာ၊ ပြင်းပြတဲ့ဆန္ဒတွေအကြောင်း သိရှိကြရမှာဖြစ်သလို အသွေးအရောင်စုံလင်၊သက်ဝင်လှုပ်ရှားနေတဲ့ တကယ့်အစစ်အမှန် နေပယ်လ်စ်မြို့အကြောင်းကိုလည်း တွေ့ကြုံခံစားနိုင်ကြမှာပါ။