Dark City

For Cinema
18 Jul 2017 - 8:40pm

ဂျွန်မားဒေါ့ဟာ ထူးဆန်းတဲ့ဟိုတယ်တစ်ခုမှာ တစ်ယောက်တည်း သတိပြန်လည်လာခဲ့ပြီးနောက် သူ့မှတ်ဉာဏ်ထဲမှာ အတိတ်ကအကြောင်းအရာ တွေကို ပြန်မမှတ်မိတော့ပါဘူး။ အတိတ်မေ့နေရာမှာ ပိုဆိုးသွားတာက ရက်စက်ပြီး ထူးဆန်းတဲ့လူသတ်သမားတွေက သူ့ကို လိုက်လံသတ်ဖြတ် နေပါတယ်။ ဒီတော့ မားဒေါ့ဟာ မှတ်ဉာဏ်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားနေစဉ်မှာပဲ “သူစိမ်းများ” အမည်ရှိ လူတစ်စုက ထိန်းချုပ်ထားတဲ့ မြေအောက်လောကထဲ ရောက်သွားခဲ့ပါတယ်။ အဲဒီလူစုက လူတွေကို အိပ်ပျော်သွားအောင် လုပ်နိုင်တဲ့ စွမ်းရည်တွေရှိနေပြီး မြို့နဲ့ မြို့သူ မြို့သားတွေကို ပြောင်းပစ်နိုင်ကြပါ တယ်။ ဒီတော့ မားဒေါ့ဟာ “သူစိမ်း များ”က သူ့စိတ်ကိုပြောင်းလဲပြီး ဖျက် ဆီးမပစ်ခင် သူတို့ကိုရပ်တန့်နိုင်မယ့် နည်းလမ်းကို ရှာဖွေရတော့မှာပါ။ ဒါရိုက်တာ အဲလက်စ်ပရိုးယာစ် ရိုက် ကူး တင်ဆက်တဲ့ ထူးခြားဆန်းကြယ် သိပ်္ပံ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး ရူးဖတ်စ်ဆီဝဲလ်၊ ကီဖာဆပ်သာလဲန်ဒ်၊ ဂျနီဖာကွန်နဲလီတို့ ဦးဆောင် ပါဝင် ထားပါတယ်။