Cruel Intentions 3

For Cinema
18 Jan 2018 - 7:40am

၁၉၉၉ ခုနှစ်ထွက် မူရင်းဇာတ်ကား Cruel Intenions ကို ကားတွဲ ဆက်ရိုက်တဲ့အထဲက ဒုတိယမြောက်ကားပါ။ ကက်ဆီဒီမားတျူးလ် (ခရစ္စတင်းအန်နာပေါ) က ဆန်တာဘာဘရာ ပုဂ်္ဂလိက အလယ်တန်း ကျောင်းက ကျောင်းသူတစ်ဦးဖြစ်ပြီး အပြင်ပန်းမှာ နှစ်လိုဖွယ်ရာဖြစ်ပေမဲ့ သူတစ်ပါးကိုဒုက္ခပေးတတ်၊ ခြယ်လှယ်တတ်တဲ့ မိန်းကလေးတစ်ယောက် ပါ။ ဂျေဆင်အာဂိုင်းလ် (ကားရ်စမစ်) နဲ့ ပက်ထရစ်ဘေးလ် (နသန် ၀က် သရင်တန်) တို့က ကက်ဆီဒီရဲ့အချစ်ကို ဘယ်သူရမလဲ လောင်းကြေး ထပ်လှုပ်ရှားနေသူ နှစ်ဦးပေါ့။

 

ဒါ ပေမဲ့ သူတို့ရဲ့ပြိုင်ပွဲက သရေနဲ့ အဆုံး သတ်သွားတဲ့အခါ ကက်ဆီဒီက အခြေအနေကို ကပြောင်းကပြန် လုပ် လိုက်ပြီး ပက်ထရစ်ကို မျက်စိကျ သလို လုပ်ခဲ့ပါတယ်။ နောက် မကြာ ခင်မှာပဲ သူတို့ ၃ ယောက်စလုံးမှာ ကိုယ်စီ ကိုယ်စီ လျှို့ဝှက် အကြံ အစည်တွေ ရှိနေတယ်ဆိုတာ ပေါ်လာ ပါတော့တယ်။ ဒါရိုက်တာ စကော့ ဇီးလ်ရဲ့လက်ရာ ဒရာမာဇာတ် ကားလေးပါ။