Crimes That Shocked Asia

History
16 Jul 2017 - 6:30pm

မှုခင်းနဲ့ လူ့အဖွဲ့အစည်းဆိုတာ အမြဲတစေ ဒွန်တွဲနေတာပါ။ ဒါပေမဲ့ မှုခင်းဖြစ်ရပ်တချို့ဟာ သမိုင်းတွင်လောက်အောင် နာမည်ဆိုးနဲ့ ကျော်ကြား ပါတယ်။ ဒီအစီအစဉ်မှာ ဗြိတိသျှသမိုင်းထဲက ဂျက်ဿရစ်ပါ ဖြစ်ရပ်နဲ့ ညီမျှ တဲ့ အာရှတိုက်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အထင်ကရအဖြစ်ဆုံး မှုခင်း တချို့အကြောင်း တင်ဆက်ထားပါတယ်။ ဂျာနယ်လစ် အာ့ဂလစ်ဘွန်းယေး ဧည့်ခံတင်ဆက်ထားတဲ့ ဒီအစီအစဉ်ဟာ အဲဒီမှုခင်းဖြစ်ရပ်တွေ ဘာကြောင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ဖြစ်ရသလဲဆိုတာကို စူးစမ်းလေ့လာ တင်ဆက်ထားပါတယ်။ ပရိသတ်တွေအနေနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အမြင်တွေက အဆိုပါမှုခင်းတစ်ခုစီနဲ့ပတ်သက်တဲ့ ဆွေးနွေးပြောဆိုမှုတွေကို သြဇာသက်ရောက်ပုံတွေနဲ့အတူ အမှုတစ်ခုချင်းစီကို ဘယ်နည်း ဘယ်ပုံစုံစမ်း ဖော်ထုတ်တယ်ဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။