Countdown

4HD2
8 Apr 2017 - 8:15pm
ထူးခြားဆန်းကြယ် မှုခင်း အက် ရှင် ဇာတ်ကားဖြစ်ပြီး WWE စူပါ စတားတွေဖြစ်တဲ့ ဒေါ့ဖ်ဇစ်ဂလာနဲ့ ကိန်းတို့ ပါဝင်ထားပါတယ်။ စိတ္တဇ ရောဂါသည်တစ်ဦးက လူငယ်လေးတစ်ဦးကို ဖမ်းဆီးသွားပြီး သူ့ ကိုယ် ခန္ဓာမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ချည်နှောင်ထားတဲ့အခါ သား ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ အတိတ် ဖြစ် ရပ်ဆိုးရဲ့ ခြောက်လှန့်ခြင်းခံနေရသူ ရေး (ဒေါ့ဖ်ဇစ်ဂလာ/နစ်ခ်နီမက်သ်) က ကပ်္ပတိန် (ဂလင်းကိန်း/ဂလင်း ဂျက်ကော့ဘ်စ်) ရဲ့ အမိန့်ကို ဖီဆန် ပြီး သူ့ဘာသာ ဖြေရှင်းဖို့ ကြိုးစား ပါတော့တယ်။ ရေးဟာ စိတ္တဇသမားကို ရပ်တန့်ပြီး အပြစ်မဲ့ ကလေးကို ကယ်တင်ဖို့အတွက် နာရီလက်တံ တွေနဲ့အပြိုင် ရင်ဆိုင်ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ ဂျွန်စတော့ဝဲလ် ရိုက်ကူး တင်ဆက်ပြီး နစ်ခ် နီမက်၊ ဂလင်းဂျက်ကော့ဘ်စ်နဲ့ ကက် သရင်းအစ္စဘဲလ် ပါဝင်ထားပါတယ်။