Close Range

Fox Action Movies
16 Mar 2017 - 6:05pm
အားကောင်းတဲ့ မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုထဲကနေ တူမဖြစ်သူကို ကယ်တင်ခဲ့ပြီးနောက် ကိုလ်တန် မက်ရက်ဒီ (စကော့အက်ဒ်ကင်းစ်) ဟာမိသားစုကို စောင့်ရှောက်ဖို့ အတွက် မရပ်မနား ခုခံကာကွယ် လာရပါတယ်။ မူးယစ်ဂိုဏ်းက လက်စားချေဖို့အတွက် သူ့ရဲ့သီးသန့်ခြံကို 
ရောက်လာခဲ့တယ်။ သူတို့နောက်ကို တကောက်ကောက် လိုက်နေသူတွေက ဒေသတွင်းရဲမှူးနဲ့ သူ့လက်ထောက်တစ်စု။ နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ ခြံထဲမှာ မနားတမ်း ညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်ပေါ်လာပြီး ကိုလ်တန်ဟာ သူချစ်တဲ့သူတွေအတွက်ရော သူ့ဘ၀ အတွက်ပါ ရှင်သန်ရေးအတွက် ရုန်းကန် လှုပ်ရှားရပါတော့တယ်။ ဒါရိုက်တာ အိုက်ဇက် ဖလော်ရင်တင်းရဲ့ လက်ရာဖြစ်ပြီး စကော့အက်ဒ်ကင်းစ်၊ နစ်ချင်လန်၊ ကိတ္တလင်းကိစ်တို့ ပါဝင်ထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။