The Chosen One: HARRY STYLES (SONY)

Channel V
ဝမ်းဒါရိုက်ရှင်အုပ်စု အကန့်အသတ်မရှိ နားထားချိန် (ထာဝရလည်း ဖြစ်ကောင်း ဖြစ်သွားပါလိမ့်မယ်) မှာ ၀ိုင်းသားတွေအားလုံး တစ်ကိုယ်တော် ဂီတခရီးကို လျှောက်လှမ်းနေကြတာ အားလုံးသိပြီး ဖြစ်မှာပါ။ အဲဒီထဲက ဟယ်ရီစတိုင်းလ်ကတော့ အထင်ရှားဆုံးလို့ ဆိုရပါလိမ့်မယ်။ ၀ိုင်းနားနေစဉ် အတောအတွင်း သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် ထုတ်ဖြစ်ခဲ့ပြီး ယူကေရဲ့ ထိပ်တန်းစာရင်းမှာ နံပါတ်တစ်နေရာကို သိမ်းပိုက်နိုင်လိုက်ပါတယ်။ ဒါက သိပ်တော့မဆန်းလှပါဘူး။ ၂၀၁၀ 3:20 PM 7/14/2017The X Factor ပွဲသိမ်းပြီးနောက်ပိုင်း သူဟာ အဲဒီထိပ်တန်းစာရင်းမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့တာ ကြာပေါ့။ အခု တစ်ကိုယ်တော် ပွဲဦးထွက်ဟာ ဖြန့်ချိတဲ့ အဖွင့်နေ့မှာပဲ ကော်ပီ ၅၇,၀၀၀ ရောင်းခဲ့ရတယ်လေ။ ဒါဟာ အတော်လေး အခြေအနေကောင်းတယ်လို့ ဆိုရမှာပေါ့။
ပွဲဦးထွက်အယ်လ်ဘမ်မထွက်ခင် ထုတ်ခဲ့တဲ့ ဦးဆောင်ဆင်ဂယ်လ် Sign of the Times ဆိုရင် လွယ်သယောင်နဲ့ ထက်မြက်တောက်ပတဲ့ သံစဉ် ကောင်းလေးပါပဲ။verse ပိုဒ်တွေနဲ့ pre-chorus တွေက Sign of the Times ရဲ့ဆွဲဆောင်မှုအရှိဆုံး အပိုင်းတွေပေါ့။ သူကိုယ်တိုင်ကတော့ “သီချင်း ရေးခဲ့တဲ့အထဲမှာ ကျွန်တော် ဂုဏ်အယူမိဆုံး သီချင်းပါ”လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒီဆင်ဂယ်လ်ဟာ ကွယ်လွန်သွားရှာကြပြီဖြစ်တဲ့ ပရင့်စ်နဲ့ ဒေးဗစ် ဘိုဝီတို့ရဲ့ ဂီတနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ အပြုသဘောဆောင်မှုတွေ အကြီး အကျယ် ရရှိခဲ့တာပါ။ ဒါ့အပြင် အောင်မြင်မှုဆီ တွန်းပို့ပေးမယ့် အဦးအစ ဖြစ်သလို တက်သစ်စဂီတသမားတစ်ယောက်ဆီကနေ နောက်ထပ် ဘာတွေ များ ထွက်လာမလဲရယ်လို့ အကြီးအကျယ် မျှော်လင့်မိတဲ့အထိ ဖြစ်စေခဲ့ပါ တယ်။