Chain Chronicle : The Light of Haecceitas

Animax
18 Jan 2018 - 8:30pm

ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှ အရာရာတိုင်းကို ဖော်ပြထားတဲ့ Chain Chronicle (ကွင်းဆက်မှတ်တမ်း) အမည်ရှိ စာအုပ်တစ်အုပ်အကြောင်း ဇာတ်အိမ်ဖွဲ့စည်း ပုံဖော်ထားပါတယ်။ “အစ်ဂ်ဒ်” အမည်ရှိ တိုက်ကြီးမှာနေတဲ့ နယ်မြေခံတွေဟာ တစ်ခါက သူတို့တိုက်ရဲ့ ဟိုမှာဘက်မှာ ဘာမှမရှိဘူးလို့ ထင်မြင်ခဲ့ကြတယ်။ အဲဒီတိုက်မှာ ဒေသတချို့ ခွဲခြားထားပြီး ဒေသတစ်ခု စီမှာ ဘုရင်တစ်ပါးစီ အုပ်ချုပ်နေကြတယ်။ ဒေသတွေထဲမှာ တိုက်ခိုက်မှု လေးတွေ ရှိခဲ့ပေမဲ့ ညီလာခံမှာ ဘုရင်တွေက ရွေးချယ်ထားတဲ့ ဧကရာဇ်မှူးက ဒေသတွေ ဟန်ချက်ညီအောင် အမြဲတစေ ထိန်းသိမ်းထားပါတယ်။ ဒီ အခြေအနေမှာ အနက်ရောင် စစ်တပ် ရောက်မလာခင်အထိပေါ့။ ယုရိ ဦးဆောင်တဲ့ ပရဟိတ စစ်တပ်ဟာ အနက်ရောင် စစ်တပ်နဲ့ မနှိုင်းယှဉ် နိုင်ပါဘူး။ သူတို့တွေ စစ်ပွဲဖြစ်ပွားမှုတွေအတွင်း အနက်ရောင် ဧကရာဇ်က “ကွင်းဆက်မှတ်တမ်း”ရဲ့ တစ်ဝက်လောက်ကို ဖမ်းဆီးသိမ်းပိုက်ပြီး မြို့တော် ကိုပါ သိမ်းလိုက်တဲ့အခါ ...။