Captain America : Civil War

Fox Movies
1 Apr 2017 - 7:30pm
အာလ်ထရွန်ခေတ်က ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့စုပေါင်းအစိုးရတွေဟာ စူပါလူသားတွေရဲ့ အပြုအမူတွေ အားလုံးကို စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းသိမ်းဖို့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ကြတယ်။ အဲဒါကြောင့် အေဗင်းဂျားစ်တွေထဲ မှာ သံမဏိလူသားဘက် လိုက်မလား၊ ကပ္ပတိန်အမေရိကဘက် လိုက်မလားဆိုတဲ့ အယူအဆနှစ် ခြမ်းကွဲသွားပြီး တစ်ခါကမဟာမိတ် တွေကြားမှာ တိုက်ပွဲတစ်ရပ်ဖြစ်စေခဲ့တယ်။ ဒီဇာတ်ကားမှာ စတိဗ်ရော် ဂျာစ်က လူသားမျိုးနွယ်ကို ကာ ကွယ်ရန်အလို့ငှာ အသစ်ဖွဲ့စည်းလိုက် တဲ့ အေဗင်ဂျားစ်အဖွဲ့ကို ဦးဆောင်ပါ တယ်။ ဒါပေမဲ့ အေဗင်းဂျားစ်တွေ ပါဝင်တဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်ပြီးနောက်မှာတော့ တာဝန်ခံမှု စနစ်ကို ဖော်ဆောင်ဖို့ နိုင်ငံရေးဖိအား တွေ ဖြစ်ပေါ်လာခဲ့တယ်။ ပိုနေမြဲ ကျားနေမြဲအခြေအနေသစ်က အေဗင်းဂျားစ်တွေကို ကျိုးပျက်စေပြီး စတိဗ်ရော်ဂျာစ် ဦးဆောင်တဲ့ အစု နဲ့ တိုနီစတာ့ခ်ရဲ့ အစု ဆိုပြီး ဖြစ်သွားခဲ့တယ်။ စတိဗ်ရော်ဂျာစ်က အေဗင်းဂျားစ်တွေကို လူသားမျိုးနွယ် ကိုကာကွယ်ဖို့ အစိုးရနဲ့မပတ်သက်ဘဲ လွတ်လွတ်လပ်လပ်ရှိနေစေဖို့ လိုလားပြီး တိုနီစတာ့ခ်ကတော့ အစိုးရရဲ့ကြီးကြပ်မှုနဲ့ တာဝန်ခံမှုစနစ်ကို ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါရိုက်တာအတွဲ အန်တိုနီရပ်ဆိုနဲ့ ဂျိုးရပ်ဆိုတို့ ရိုက်ကူးတင်ဆက်တဲ့ စွန့်စားခန်း အက်ရှင် သိပံ္ပဇာတ်ကား ဖြစ်ပြီးခရစ်္စ်အီဗန်၊ ရောဘတ်ဒေါင်း နီ ဂျူနီယာနဲ့ စကားလက်ဂျိုဟန်ဆင် တို့ပါဝင်ထားပါတယ်။