Cake Boss 9 : New Season

TLC
5 Apr 2017 - 7:30pm
ဒီစီးရီးက ကမ္ဘာ့အဆင့်ထင်ရှားတဲ့ မုန့်ဖုတ်ပညာရှင် ဗယ်လတ်စထရိုနဲ့ သူ့မိသားစုတွေ အောင်မြင်တဲ့ မိသားစုလုပ်ငန်း “ကာလိုမုန့်ဆိုင်”ကို ဆက်လက်ချဲ့ထွင် အားထုတ်ကြပုံတွေကို မှတ်တမ်းတင်တင်ဆက်ထား တာပါ။ ဘဒ်ဒီဗယ်လတ်စထရိုနဲ့ သူ့ရဲ့အစ်မ/ညီမ ၄ ယောက်၊ ယောက်ဖ ၂ ယောက်နဲ့ ၀မ်းကွဲတွေ အပါအ၀င် ကိတ်မုန့်အဖွဲ့ဟာ စိတ်လှုပ်ရှားဖွယ် ပရောဂျက်အသစ်တွေကို ကိုင်တွယ်ဖို့၊ သူတို့ရဲ့ကာလရှည် ဖောက်သည်တွေကို ၀န်ဆောင်မှုပေးရင်း စိတ်ကျေနပ်မှုရစေဖို့ ဆက်လက်ကြိုးပမ်းနေကြ ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး ကိတ်မုန့်အနုပညာရှင်တွေအနေနဲ့ ဘဒ်ဒီဟာ ကွယ်လွန်သူဖခင်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ “ကာလိုမုန့်ဆိုင်”ကို မိသားစုတိုင်းသိလာတဲ့ အထိဆက်လက်ကြိုးစားဦးမှာ ဖြစ်ပါတယ်။