Broken Tail's Last Journey

Animal Planet
18 Mar 2017 - 6:35pm
ဘရုတ်ကင်းတေးလ် အမည်ရှိ ကျားကို အိနိ္ဒယမြောက်ပိုင်းက ရာ သမ်ဟော အမျိုးသား ဘေးမဲ့တောမှာ မွေးဖွားပါတယ်။ ရာသမ်ဟောဟာ အိနိ္ဒယ သဘာဝ တောရိုင်းတိရစ္ဆာန် အမျိုးမျိုးအတွက် ကြီးမားကျယ်ပြန့် တဲ့ ဘေးမဲ့တောပါ။ အထူးသဖြင့် ဘင်္ဂလားကျားတွေအတွက် ကျော် ကြားတဲ့ နေရာတစ်ခုပေါ့။ အိနိ္ဒယမှာ သမိုင်းမှတ်တမ်းတွေအရတော့ အဲဒီ ကျားတွေကို မဟာရာဂျာတွေက ကာ ကွယ် စောင့်ရှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ အစိုးရရဲ့ ဘေးမဲ့တောနဲ့ ထိန်းသိမ်းစောင့်ရှောက် ရေး ပရောဂျက်တွေက ကာကွယ် စောင့်ရှောက်ခဲ့တာပါ။ ဒါပေမဲ့ တိရစ္ဆာန် တွေကို တရားမ၀င် ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်ဖောက်ကားသူတွေ ရှိနေ ခဲ့ပြီး သူတို့ကို ရပ်တန့်ပစ်ဖို့ မစွမ်း နိုင်သေးပါဘူး။ ဒီတော့ ကျားတွေဟာ မျိုးဆက်ရှင်သန်ရေးအတွက် ရုန်းကန် နေကြရပါတယ်။ ဘေးမဲ့တောထဲက ကျားတွေတောင် ၂၆ ကောင်လောက် ပဲ ကျန်တော့တဲ့ အထိပါပဲ။ ဒီနေ့ မှာတော့ ကမ္ဘာပေါ်မှာ ကျားမျိုးစိတ် ဆိတ်သုဉ်းမသွားစေရေးအတွက် ကျားတစ်ကောင်စီဟာ အင်မတန် အရေးပါနေပါပြီ။ ကျား တစ်ကောင်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းကြား ရုန်းကန်နေ ရတဲ့ ဘ၀ဇာတ်လမ်းပါပဲ။