Broke Bites : What The Fung?!

Fyi
17 Mar 2017 - 12:35pm
ဖန်း ညီအစ်ကိုတွေဟာ အမေရိကန် ပြည်ထောင်စု တစ်လွှားမှာ သူတို့နည်း သူတို့ဟန်နဲ့ အစားအသောက် ခရီးစဉ် ထွက်ကြပုံတွေကို ဟာသနှောပြီး တင် ဆက်ထားပါတယ်။ တစ်ယောက်ကို ဒေါ်လာ ၅၀ စီနဲ့ ဈေးသက်သာတဲ့ အကောင်းဆုံး အစားအစာတွေကို စားသောက်တာမျိုးနဲ့ အတူ သူတို့ညီအစ်ကိုတွေဟာ တကယ့် အစစ်အမှန်အစားအသောက်နဲ့ ဒေသတွင်း ဟင်းလျာတွေကနေ တီထွင်ဖန်တီးမှုပါ၊ ခေတ်မီတဲ့ စားဖွယ်မျိုးတွေအထိ အကျော် ကြားဆုံး အစားအစာတွေကို မြည်းစမ်း ကြည့်ကြပါလိမ့်မယ်။ ဖန်းညီအစ်ကို တစ် တွေဟာ ဆန်အန်တိုနီယိုမှာ နေ့လယ်စာ အတွက် ဒေါ်လာ ၅၀ တောင် မကျသင့် တဲ့ အစားအစာကို စားသောက်ကြတယ်။ တက္ကဆက်နဲ့ မက္ကဆီကို အချိုပွဲကနေ စိတ်ကူးရယူထားတဲ့ တက္ကဆက် ဘာဘီ ကျူး၊ ကြက်ကြော်နဲ့ ဒိုးနတ်တွေအပြင် မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ဘာဂါကိုပါ မြည်းစမ်းကြည့်ကြပုံတွေကို ရှုစားရမယ့် အစီအစဉ်ပါ။