Breakout Artist : Temples(LOVE DA

Channel V
တင်းပဲလ်စ်
ဗြိတိသျှ နီယိုဆိုက်ကီဒဲလစ်ဝိုင်း တင်း ပဲလ်စ်တို့ဟာ ဿမုဗ်နဲ့ ဘာ့ဒ်တို့လိုဝိုင်းတွေ ရဲ့ စမ်းသပ်အသံတွေ၊ ဘီးတဲလ်စ်တို့ရဲ့ ဂန်္ထ၀င် သီချင်းလက်ရာတွေကို ပေါင်းစပ်ပြီး ခပ်သွက်သွက် မြူးမြူးကြွကြွ စူးရှတဲ့ ပေါ့ပ်ဂီတကို ဖန်တီးကြသူတွေပေါ့။ အင်္ဂလန် နိုင်ငံ၊ ကက်တားရင်းမှာ စတင်ဖွဲ့စည်းခဲ့ကြတဲ့ သူတို့ဟာ အဆို/ဂစ်တာသမား ဂျိမ်းစ် ဘက်ရှောနဲ့ အဆို/ဘေ့စ်ဂစ်တာသမား ထောမတ်စ် ဝေါမ်စလီတို့ရဲ့ တေးရေးဖွဲ့မှု ပါရမီတွေကို အဓိကအားပြု ဖွဲ့စည်းခဲ့ကြ တာပါ။ ၀ိုင်းထဲကို ဒရမ်မာဆမ်တွမ်စ်နဲ့ ဂစ်တာ/ကီးဘုတ်သမား အဒမ်စမစ်တို့ ပူးပေါင်းခဲ့ကြပြီး နောက်မှာတော့ ၂၀၁၂ ထဲမှာ ပွဲဦးထွက်ဆင်ဂယ်လ် Shelter Song ကို ထုတ်ဖြစ်ခဲ့ကြတယ်။ ၂၀၁၃ အတွင်း ရှိုးတွေ ဖျော်ဖြေ၊ အယ်လ်ဘမ် အသံသွင်း၊ ဆင်ဂယ်လ်သစ် ၂ ပုဒ် (ဇွန် လထဲမှာ Colours to Life အောက်တို ဘာမှာ Keep in the Dark) ထုတ်ခဲ့တာ တွေနဲ့ မအားမလပ် ဖြစ်ခဲ့ကြပြီးနောကှ်ကညှအမကခအကမနျ ဆိုတဲ့ ပွဲဦးထွက်အယ်လ် ဘမ်ကို ၂၀၁၄ အစောပိုင်းမှာ ထုတ် လိုက် ကြတယ်။
    အဲဒီနောက် ကမ္ဘာအနှံ့ ဂီတခရီးစဉ် တွေ ထွက်၊ အယ်လင်းဒီဂျင်းနရက်စ် အစီအစဉ်မှာ မထင်မှတ်ဘဲ ပါဝင်ခဲ့ကြပြီး အဲဒီနှစ် တစ်နှစ်လုံး တောက်လျှောက် အလုပ်တွေ ရှုပ်ခဲ့ကြတာပါ။ နှစ်ဆုံးခါနီးလေးမှာတော့ ဟဲဗင်းလီးကနေ Sun Structures အယ်လ်ဘမ်ကို ပြန်လည် စိတ်ကူးပုံဖော်တဲ့၊ remix သမားတွေဖြစ တဲ့ ဘီယွန်ဿးဝစ်ဇာ့ဒ်စလိဗ် ခေါ် ရစ်ချဒ် နောရစ္စနဲ့ အီရိုးလ်အယ်လ်ကန်တို့ရဲ့ လက်ရာ Sun Restructured ထပ်ထွက်လာပါတယ်။ တင်းပဲလ်စ်တို့ဟာ နောက်ထပ် ၂ နှစ်ကာလအတွင်း အယ်လ်ဘမ်အသစ် အတွက် ဖန်တီးနေရင်းနဲ့ စင်မြင့်ဖျော်ဖြေပွဲတွေ ဆက်နွှဲခဲ့ကြတယ်။ ၂၀၁၅ မှာ တော့ သူတို့ရဲ့ဒုတိယအယ်လ်ဘမ်ထဲက Certainty ဆင်ဂယ်လ် ထွက်ပေါ်လာပါပြီ။  ကိုယ်တိုင်ထုတ်လုပ်၊ သီချင်းတွေ အားလုံး ၀ိုင်းသား ၄ ဦးလုံး ရေးဖွဲ့ခဲ့ကြတဲ့ ဒုတိယအယ်လ်ဘမ် Volcano ကို အခု ၂၀၁၇ ခုနှစ်၊ မတ်လမှာ ထုတ်ဖြစ်ကြ တော့မှာပါ။ ဒီအတွက် ရှေ့ထွက်အဆိုတော် ဂျိမ်းစ်ဘက်ရှောက သီချင်းနဲ့ပတ်သက်လို့ သူပေးချင်တာက “အံ့သြထိတ်လန့်ဖွယ်၊ အစောပိုင်း ဒစ္စနေ တုံ့ပြန်ခံစားမှုမျိုး”ဖြစ် ကြောင်း၊ ဒါပေမဲ့ အစောပိုင်း MGMT လို အသံမျိုး လွှမ်းမိုးနေကြောင်း ပြောဆို ထားပါတယ်။ 
    အခု မတ်လအတွင်း Channel [V]  မှာ တင်းပဲလ်စ်တို့ရဲ့ဂီတကို မြည်းစမ်း ထိ တွေ့ရင်း တုံ့ပြန် ခံစားကြည့်ကြပါစို့။