Breakout Artist : Christopher

Channel V
15 May 2017 - 7:23pm
ပုံက စူပါမော်ဒယ်ပုံ၊ အသံက အမြင့်သံ၊ လုံးဝ ၀ဲသံမပါဘဲ အပြစ် အနာအဆာ ကင်းတဲ့ အင်္ဂလိပ်အသံထွက်နဲ့ ဒင်းနစ်ရှ် (ဒိန်းမတ်) ပေါ့ပ် အသည်းကျော်ကလေး ခရစ်္စတိုဖာဟာ နိုင်ငံတကာမှာ အောင်မြင်ကျော် ကြားမှု ရလုနီးပါပဲ။ ဘယ်က ပေါ်လာမှန်းမသိဘဲ ၂၀၁၁၊ သြဂုတ်လမှာ EMI နဲ့ စာချုပ်ချုပ်၊ ရော်ဘင်ရဲ့ကာဗာသီချင်း Call Your Girlfriend ကို အကူးစတစ် ဂစ်တာနဲ့ သီကျူးပြီး You Tube  ပေါ် တင်ခဲ့တယ်။ အဲဒီ ဂီတဗီဒီယိုဟာ တစ်မုဟုတ်ချင်း ထောင်ပေါင်းများစွာ ဖွင့်ယူနားဆင်တဲ့ အထိဖြစ်ခဲ့ပြီး သူ့အတွက် ဆင်ဂယ်လ်နဲ့ အယ်လ်ဘမ်ဆိုတဲ့ လမ်းကြောင်း ကို ဖြစ်လာစေခဲ့တာပါ။ 
    ငယ်နာမည်ကတော့ ခရစ္စတိုဖာနစ်ဆင်တဲ့။ ၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီ လ ၃၁ ရက်နေ့မှာ ကိုပင်ဟာဂင်မှာ မွေးဖွားခဲ့သူပါ။ တော်တော့်ကို ငယ်ငယ်ကတည်းက ဂီတကို စိတ်ဝင်တစားရှိခဲ့ပြီး အသက် ၃ နှစ်အရွယ် မှာ သီချင်းစဆိုခဲ့တာပေါ့။ ကြယ်စင်စုကြီးဆီရောက်ရှိရေး အိပ်မက်နဲ့ အတူ အသက် ၁၂ နှစ်အရွယ်မှာ ဂစ်တာကောက်ကိုင်၊ သီချင်းတွေ စရေး၊ အထက်တန်းကျောင်းတက်နေစဉ်မှာပဲ ကိုပင်ဟာဂင် EMI ရဲ့ စီအီးအိုတွေ ဆီ သွားပြီး သီချင်းတွေ ဆိုပြခဲ့ပါတယ်။ ဒီတော့ စီအီးအိုတွေက ချက်ချင်းပဲ စာချုပ်ချုပ်ခဲ့ကြပါသတဲ့။
    လူမှုမီဒီယာမှာ followers တွေ အကြီးအကျယ် များပြားခြင်းနဲ့အတူ ဒုတိယအယ်လ်ဘမ် Told You So ကိုလည်း ပရိသတ်တွေ အကြီး အကျယ် စိတ်လှုပ်ရှားခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်ဟာ ဒိန်းမတ် အယ်လ်ဘမ် ထိပ်တန်းစာရင်းမှာ နံပါတ် ၂ နေရာ ချိတ်နိုင်ခဲ့ပြီး စပေါ့တီဖိုင်းစာရင်းမှာ တော့ နံပါတ် ၁ ပါ။ တရုတ်နိုင်ငံမှာလည်း ဖြန့်ချိခဲ့ပြီး တရုတ်မှာ သူ့ရဲ့ ဆင်ဂယ်လ် CPH Girls ကလည်း ပေါက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အနောက်တိုင်းဂီတအတွက QQ ထိပ်တန်းစာရင်းမှာ နံပါတ် ၂ ဖြစ်ခဲ့ပါတယ်။ အဲဒီဆင်ဂယ်လ်ဟာ သူ့ဇာတိမြို့လေးအတွက် တမ်းချင်းဖြစ်ပြီး အမေရိကန် အာရ်အင်ဘီအဆိုတော် ဘရန်ဒွန်ဘီးလ် အားဖြည့်ပါဝင်ထားပါတယ်။ 
    ခရစ္စတိုဖာဟာ ၂၀၁၄ ခုနှစ် ဒိန်းမတ်ဂီတဆုနှင်းသဘင်မှာ ဆုတွေ တစ်လှေကြီး ရလိုက်ပြီး သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို ဆက်လက် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံး ပေါ့ပ်အယ်လ်ဘမ် ဆု အပါအ၀င်ပေါ့။ တတိယအယ်လ်ဘမ်  ဃူသျနမ ကို ဒိန်းမတ်မှာ ၂၀၁၆၊ ဧပြီလထဲမှာ ထုတ်ခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက ဆင်ဂယ်လ် ၄ ပုဒ်ဟာ ကမ်္ဘာတစ်ဝန်းမှာ ပြန့်နှံ့သွားပါတယ်။Tulips, Limousine, I Won't Let You Down နဲ့ Heartbeat တို့ပါပဲ။ 
    အခုလအတွင်း Channel [V] ရဲ့ Breakout Artist  ကဏ္ဍမှာ ခရစ္စတိုဖာနဲ့ဆုံကြရအောင်ပါ။