Breaking Through

Fox Family Movies
9 Apr 2017 - 6:30pm
ယူကျုဘ်မှာ မြင်တွေ့ရနိုင်တဲ့ ကချေသည်မလေး ကေစီဟာ အင်တာနက် အကျော်အမော်များနဲ့ ယဉ်ကျေးမှုဆိုတဲ့ မော်ဒန်လောကထဲ ထိုးဖောက်ဝင်ရောက်လာချိန်မှာ အွန်လိုင်းသရုပ်သကန်နဲ့ မိမိရဲ့သရုပ်မှန်ကို ချိန်ညှိဖို့ နည်းလမ်းတစ်ခု ရှာကြံရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူအရေးထားတဲ့ အရာအားလုံး ဆုံးရှုံးရတော့မှာပါ။ ဒါရိုက်တာ ဂျွန်ဆွက်ထ်နမ် ရိုက်ကူးတင်ဆက်တဲ့ တေးဂီတနောက်ခံ ဒရာမာဇာတ်ကား ဖြစ်ပြီး အနီတာ၊ ဆိုဖီယာအာဂီယာနဲ့ လယ်ရီဘူရွှာတို့ ပါဝင်ထားပါတယ်။