The Boss Baby

5 Cartoons
2 Dec 2017 - 2:11pm

တင်မ်ပယ်တင်လို့ ခေါ်တဲ့ အမျိုး သားက ဖခင်ဖြစ်သူ တက်ဒ် နဲ့ မိခင်ဖြစ်သူ ဂျာနစ်တို့နဲ့အတူ နေထိုင်ခဲ့တဲ့ ၇ နှစ်သားအရွယ်တုန်း က သူ့အကြောင်းကို ပြန်ပြောပြနေ တာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပုံမှန် မဟုတ်ဘဲနဲ့ ကုတ်အင်္ကျီနဲ့ လက်ဆွဲအိတ်ဆွဲပြီး တက်္ကစီပေါ်က နေ ဆင်းလာတဲ့ ကလေးလေး တစ် ယောက်က အိမ်ကို မမျှော်လင့်ဘဲ ရောက်လာခဲ့ပြီး သူ့မိဘနှစ်ပါးက ဒါက သူ့ညီလေးလို့ မိတ်ဆက်ပေး ခဲ့တဲ့အခါမှာတော့ တင်မ် တစ်ယောက် အကြီးအကျယ် အံ့အားသင့်သွား ခဲ့ရပါတယ်။

 

မကြာခင်မှာ အဲဒီ ကလေး လေးက လူကြီးတစ်ယောက်လို စကား ပြောနိုင်တယ်ဆိုတာ တင်မ် သိရှိ သွားခဲ့ပြီး အဲဒီကလေးက သူ့ကိုယ်သူ ဘော့စ်လို့ မိတ်ဆက်ခဲ့ပါတယ်။ ဘော့စ် ဘေဘီနဲ့ အိမ်နီးနားချင်းက ကလေးတွေ အစည်းအဝေး လုပ် နေကြတာကို တင်မ် တစ်ယောက် ခိုးနားထောင်ရာမှာ ကလေးတွေရဲ့ အချစ်တွေကို ခွေးတွေက လုယူနေ တဲ့အကြောင်း ဆွေးနွေးနေတာကို တင်မ် သိရှိသွားခဲ့ပါတယ်။

 

အဲဒါကို အသံဖမ်ထားပြီး သူ့မိဘတွေကို ပြဖို့ ကြိုးစားရာမှ ရန်ဖြစ်ကြပြီး တင်မ်တစ်ယောက် အိမ်ထဲက အိမ် ပြင် ထွက်ခွင့်ကို ပိတ်ပင်ခံခဲ့ရပါတယ်။ မိဘတွေဆီက အချစ်တွေ အလုခံ ရပြီး ဘော့စ်ဘေဘီကို အိမ်ကနေ နှင်ထုတ်ချင်နေတဲ့ တင်မ်နဲ့ ဘော့စ် ဘေဘီတို့ ပါတနာတွေဖြစ်သွားကြ ပါတော့တယ်။ မိဘတွေနဲ့အတူ ပါပီ ကို ကုမ်္ပဏီကို လိုက်သွားပြီး ခွေး အသစ်အကြောင်း စုံစမ်းရမှာ ပါပီ ကို ကုမ်္ပဏီ ဥက်္ကဋ္ဌ ဖရန်စစ် ဖရန်စစ် ဟာ ဘေဘီကော်ပိုရှင်းက ရာထူးက နေ အနားပေးခံလိုက်ရတဲ့ ဘော့စ် အဟောင်းဖြစ်ပြီး ဘေဘီကော်ပိုရေး ရှင်းကို ပြိုလဲအောင် ကြံစည်နေမှန်း သူတို့တွေ သိရှိသွားခဲ့ကြပါတယ်။ ဖရန်စစ် လက်ကနေ တင်မ်ရဲ့ မိဘ တွေကို တင်မ်နဲ့ ဘော့စ်ဘေဘီတို့ ပူးပေါင်း ကယ်တင်နိုင်ခဲ့ပြီး နောက် ဆုံးမှာတော့ ဘော့စ်ဘေဘီက ဘေဘီ ကော်ပိုရေးရှင်းကို ပြန်သွားခဲ့ပြီး ရာထူးတိုးခံခဲ့ရပါတယ်။

 

တင်မ်က လည်း သူ့မိဘတွေရဲ့အချစ်တွေကို အရင်လို တစ်ယောက်တည်း ပြန် ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ တင်မ် ဟာ ဘော့စ်ဘေဘီကို စာရေးပြီး ပြန်ခေါ်ခဲ့သလို ဘော့စ်ဘေဘီက တင်မ် မိသားစုထဲကို မိသားစုဝင် အဖြစ်နဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီ အကြောင်းကို တင်မ်က ညီမလေး အသစ် ရလာတော့မယ့် သူ့သမီး ကို ပြောပြနေတဲ့ အကြောင်းလေး ဖြစ်ပါတယ်။