Blue Bloods : Unbaerable Loss

AXN
5 Sep 2017 - 8:30pm
နယူးယောက်မြို့ တရားဥပဒေ စိုးမိုးရေးအတွက် ဘ၀ကို မြှုပ်နှံ ထားကြတဲ့ မျိုးဆက်ပေါင်းများစွာ သက်ဆင်းလာတဲ့ ရဲဝန်ထမ်း မိသားစု တစ်စုရဲ့အကြောင်းပါ။ ဖရန့်ရေဂင် ဟာ နယူးယောက် ရဲမင်းကြီးဖြစ်ပြီး ရဲဌာန အကြီးအကဲဖြစ်သလို ရေဂင် မျိုးနွယ်ရဲ့အကြီးအကဲလည်း ဖြစ်ပါ တယ်။ သူဟာ သူ့ဌာနကို သူ့မိသားစု လိုပဲ သံတမန်နည်းနာနဲ့ အုပ်ချုပ် နေသူပေါ့။ ဂျေမီကတော့ ရေဂင်မျိုး နွယ်ထဲမှာ အငယ်ဆုံးပါ။ ဟားဗတ် ဥပဒေကောလိပ်ကနေ မကြာသေးခင်ကမှ ဘွဲ့ရခဲ့ပြီး မိသားစုအချစ်တော် ဖြစ်ပါတယ်။ ဒါပေမဲ့ အစဉ်အလာကို မငြင်းပယ်နိုင်တာကြောင့် ဥပဒေလောကမှာ ကောင်းစားမယ့်အနာဂတ်ကို လက်လွှတ်ပြီး ရဲတစ်ဦးအဖြစ် မိသားစုရဲ့ခြေရာ ကို တစ်သဝေမတိမ်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖရန့်ကို လူသိရှင်ကြား ဝေဖန်တတ်သူ အာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်းထဲက ပေါ်တာဆိုသူဟာ သူ့သား အသတ်ခံလိုက်ရတဲ့အခါ သားဖြစ်သူအတွက် တရားမျှတမှုကို ရရှိဖို့ ရီဂင်မိသားစုနဲ့ အငြင်းပွားဖွယ် ဆက်ဆံရေးကို ဘေးဖယ်ထားရတော့မှာပါ။