Blood Father

4HD Channel
21 Jan 2018 - 7:00pm

BLOOD FATHER မှာ မဲလ်ဂစ်ဘ်ဆင်က ခပ်စိမ်းစိမ်းဖြစ်နေတဲ့ သမီးဖြစ်သူကို မူးယစ်ဆေးဝါးဂိုဏ်းတစ်ခု လက်ထဲကနေ ကယ်တင်ပေးခဲ့တဲ့ ပြစ်မှုကျူးလွန်ဖူးသူ လင့်ခ်အဖြစ် ပါဝင်ထားပါတယ်။ မှုခင်း အက်ရှင် ဒရာမာ အမျိုးအစားဖြစ်ပြီး လင့်ခ်ဟာ အတိတ်က ဒုစရိုက်လောက အဆက်အသွယ်တွေ၊ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို ပြန် လည် အသုံးပြုပြီး သူအတွက်ရော သမီးဖြစ်သူအတွက်ပါ ရှင်သန်ရေးအတွက် ကြိုးပမ်းပုံ ဖော်ကျူးတင်ဆက်ထားပါတယ်။ ဒါရိုက်တာ ယန်းဖရန်ဆွာရီရှေး ရိုက်ကူးပြီး အဲရင်မော်ရီယာတီ၊ ဒီယေးဂိုလူနာ၊ မိုက်ကယ်ပါ့ခ်စ်၊ ၀ီလျမ်အိပ်ခ်ျမေစီတို့ အားဖြည့် ပါဝင်ထားပါတယ်။