Blinky Bill The Movie

5 Cartoons
20 May 2017 - 9:00pm
အဝေးပြေးလမ်းမတစ်ခု ဘေးရှိ တောအုပ်ထဲတွင် ဂရင်းပက်ခ်ျဟူသော တောရိုင်းတိရစ္ဆာန်များ နေထိုင်သော မြို့လေးတစ်မြို့ ရှိသည်။ ထိုမြို့ရှိ ခေါင်းဆောင်ဖြစ်သော ကိုအာလာ ၀က်ဝံ ဘီလ်သည် တိရစ္ဆာန်ငယ်များကို ကယ်တင်ရန်အတွက် မိကျောင်းချောက်သို့ ခရီးထွက်သွားသောအခါ ဇနီးနှင့်သားတို့ ကျန်ခဲ့သည်။ ထိုအခါ ကောက်ကျစ်သော ဖွတ်ကြီး ခရစ်ကီသည် မြို့လေးကို အပိုင်စီးရန် ကြိုးစားတော့သည်။ ထို့ကြောင့် ဘီလ်၏သားဖြစ်သူ ဘလင်ကီသည် ဘီလ်အား လိုက်ရှာရန် အတွက် မိခင် မသိအောင် ထိုမြို့မှ တိတ်တိတ်လေး ထွက်သွားခဲ့သည်။ လမ်းတွင် ဘီလ်အား မုန်းတီးသော ကြောင်ကြီးတစ်ကောင်နှင့် ဆုံသည်။ ကားတစ်စီးပေါ် တက်ပြေးရာမှ ကို အာလာဝက်ဝံမလေး နတ်ဆီနှင့် ဆုံသည်။ နတ်ဆီအား တိရစ္ဆာန်ရုံသို့ ခေါ်သွားကြမည် ဖြစ်သော်လည်း ဘလင်ကီကြောင့် ကားပေါ်မှ နှစ်ကောင်စလုံး ပြုတ်ကျခဲ့သည်။ ထို့ နောက် ဘလင်ကီနှင့် နတ်ဆီသည် ရှာပုံတော် ဖွင့်ကြလေတော့သည်။ မိကျောင်းချောက်သို့ ရောက်သောအခါ တွင် ဘီလ်၏ဦးထုပ်နှင့် အထုပ် အပိုးတို့ကိုသာ တွေ့သည်။ ဘီလ်ကို မတွေ့ပေ။ သို့သော် တိရစ္ဆာန်ရုံကို တွေ့သွားကြသည်။ နတ်ဆီအား တိရစ္ဆာန်ရုံသို့ ပို့ပေးရာမှ အဖမ်းခံထားရသော ဘီလ်နှင့် ပြန်ဆုံကြသည်။ နတ်ဆီသည်လည်း တိရစ္ဆာန်ရုံတွင် မနေလိုတော့ပေ။ ထို့ကြောင့် တိရစ္ဆာန်ရုံမှ အားလုံးထွက်ပြေးလာကြသည်။ လမ်းတွင် ရန်သူတော်ကြောင်ကြီး၏အန္တရာယ်ကိုလည်း ကျော်ဖြတ်ခဲ့ရသေးသည်။ ဂရင်းပက်ခ်ျသို့ ရောက်သောအခါ မြို့မှ တိရစ္ဆာန်ငယ်များကို အနိုင်ကျင့်နေသော ခရင်ကီကို တွေ့သောအခါ ပညာပေးလိုက်ကြသည်။