Big Hero 6

For Kids
25 Jul 2017 (All day)

ဒစ္စနေအင်နီမေးရှင်းစတူဒီယိုတွေထဲကနေ"Frozen" နဲ့ "Wreck-It Ralph" တို့ရဲ့နောက်ကွယ်ကအဖွဲ့ဟာ ဒီ "Big Hero 6"  ကိုထပ်မံဖန်တီးခဲ့ကြတာပေါ့။အက်ရှင်အပြည့် ဟာသစွန့်စားခန်း အင်နီမေးရှင်းဇာတ်ကားလေးပါ။ မားဗဲလ်ကောမစ်ရဲ့ စူပါသူရဲကောင်းအဖွဲ့ကို အနည်းငယ်မှီပြီး ဖန်တီးထားတာဖြစ်သလို ဒစ္စနေကမားဗဲလ်ဇာတ်ကောင်တွေကို အင်နီမေးရှင်းအဖြစ် ဖန်တီးခဲ့တဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒါအပြင်ဒီကားဟာဒစ္စနေရဲ့ ၅၄ ကားမြောက် အင်နီမေးရှင်းဇာတ်ကားအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ဇာတ်လမ်းကတော့ ဧရာမလေထိုးစက်ရုပ် ဘေးမက်စ် နဲ့ ကလေးပါရမီရှင်ဟီရိုဟာမာဒါတို့ကြားမှာ သံယောဇဉ်နှောင်ကြိုးကို အဓိကထား တင်ဆက်ထားပါတယ်။ ဆန်ဖရန်ဆိုကျိုမြို့ (ဆန်ဖရန်စစ်္စကိုနဲ့ တိုကျို ပေါင်းထားတာ) ကို အကြီးအကျယ်ပျက်စီးစေမဲ့ ဖြစ်ရပ်တစ်ခု ကျရောက်လာတဲ့အခါ ဟီရိုဟာ အန္တရာယ်ထဲ ကျရောက်သွားခဲ့ပါတယ်။ဟီရိုဟာ ဘေးမက်စ်နဲ့အတူ စွန့်စားမှုကိုစွဲနေသူ ဂိုဂိုတိုမာဂို၊ သပ်ရပ်မှုကိုဆန့်ကျင်တဲ့ ၀ါဆာဘီ၊ ဓာတုဝိဇ္ဇာ ဟန်နီလဲမင်နဲ့လူပျော်လေး ဖရက်ဒ်တို့ဆီ သွားပါတော့တယ်။ ဟီရိုကထူးခြားဆန်းကြယ်မှုကြီးကို ဖော်ထုတ်ဖို့ သနိ္နဋ္ဌာန်ချထားပြီး သူ့သူငယ်ချင်းတွေကို ““ဧရာမသူရဲကောင်း ၆ ဦး”” ဆိုတဲ့ အဆင့်မြင့်နည်းပညာသူရဲကောင်းတွေအဖြစ် ပြောင်းလဲပစ်ပါတော့တယ်။ဒါရိုက်တာဒွန်ဟောလ်နဲ့ ခရစ္စ၀ီလျမ်စ်တို့ တွဲဖက်ရိုက်ကူးပြီး ဟီရိုအဖြစ် ရိုင်ယန်ပေါ်တာ၊ဘေးမက်စ်အဖြစ်စကော့အက်ဒ်ဆစ်၊ဂိုဂိုအဖြစ် ဂျေမီချန်း၊၀ါဆာဘီအဖြစ် ဒေမွန်ဝေယန်ဂျူနီယာနဲ့ ဖရက်ဒ်အဖြစ် တီဂျေမီလာတို့က အသံနဲ့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီကားလေးဟာ ၂၀၁၄ ခုနှစ်မှာ အကောင်းဆုံးအင်နီမေးရှင်းဇာတ်ကားကြီးအဖြစ် အကယ်ဒမီ (အော်စကာ) ဆုရခဲ့ပြီး “ကလေးများရဲ့ရွေးချယ်မှု ဆုနှင်းသဘင်”မှာလည်း ကလေးများအကြိုက် အင်နီမေးရှင်း ဇာတ်ကားဆုရရှိခဲ့ပါတယ်။