Beauty And The Beast

For Kids
16 Mar 2017 (All day)

ဘဝကိုအတ္တကင်းကင်းနဲ့နေထိုင်လာတဲ့ ဘုရင့်သားတော်မင်းသားတစ်ပါးဟာထူးဆန်းလှတဲ့ ကျိန်စာတစ်ခုရဲ့အောက်ကိုကျရောက်ခဲ့ပြီးတဲ့နောက် မှာတော့ ကြောက်လန့်စရာမျက်နှာသွင်ပြင်ရှိတဲ့ သတ္တဝါကြီးတစ်ကောင်ဖြစ်လာပါတော့တယ်။ သူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ တကယ့်မေတ္တာစစ်ကိုရရှိနိုင်ဖို့ပဲဖြစ်ပြီးတကယ့် အချစ်စစ်ကသာသူ့ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးတဲ့နောက်မှာတစ်ရက်တော့ သူ့အတွက်အခွင့်အရေးတစ်ခုရရှိလာပါတော့တယ်။ ဘဲလ်လို့အမည်ရတဲ့ မိန်းကလေးတစ်ယောက်ကသူ့ကိုအကျဉ်းသားအဖြစ် ဖျားနာနေတဲ့ သူ့အဖေရှိတဲ့ဆီကိုခေါ်သွားဖို့အတွက် တောင်းဆိုပါတော့တယ်။ ရဲတိုက်မှာရှိတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဝန်ထမ်းရဲ့အကူအညီနဲ့အတူဘဲလ်တစ်ယောက်သူ့ကိုဖမ်းသွားတဲ့သူဘုရင့်သားတော်တစ်ဖြစ်လဲသတ္တဝါကြီးရဲ့ ဘဝကိုသိသွားပြီးတဲ့နောက်မှာတော့ သူ့ကိုတကယ်တမ်းချစ်ခင်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲအဲဒီကောင်မလေးရဲ့ ရွာမှာလည်းမရိုးသားတဲ့ မုဆိုးတစ်ယောက်ကဆိုးရွာတဲ့အကြံနဲ့မကောင်မှုတွေလုပ်ဆောင်ဖို့ ကြံရွယ်တာကိုဘယ်လိုများတားဆီးနိုင်မလဲဆိုတာကိုဆက်လက်ပြီးစောင့်ကြည့်နိုင်ကြမှာဖြစ်ပါတယ်။