Barbarians Rising

History
17 Mar 2017 - 8:30pm

အင်ပါယာတွေ ပြိုကွဲသွားမယ် ဆိုတာ မလွှဲမရှောင်သာ ဖြစ်ရပ်ပါ။ ပြန်လည်ရှင်သန်လာမယ်လို့ မပြော နိုင်ပေမဲ့ပေါ့။ ရောမ အင်ပါယာဟာ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး အင် ပါယာအဖြစ် တိုးတက်ထွန်းကားလာ ချိန်မှာ ရည်မှန်းချက် ကြီးတယ်၊ ချမ်းသာကြွယ်ဝတယ်၊ ကြမ်းကြုတ် ရက်စက်ပါတယ်။ ဒါပေမဲ့ အလုံးစုံ လွှမ်းမိုးမှု ရရှိဖို့အတွက် ရှေးဟောင်း ကမ္ဘာကို သွေးလွှမ်းစေခဲ့တယ်၊ နိုင်လိုမင်းထက် ပြုတယ်၊ ဘာဘေး ရီးယန်းပုန်ကန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး နောက်ဆုံးမှာတော့ ပြိုကွဲခဲ့ရတာ ပါပဲ။ အခုတင်ဆက်မှာက ရောမရဲ့ ရွှေရောင်လွှမ်းတဲ့ သမိုင်းကြောင်း မဟုတ်ပါဘူး။ ရက်စက်ကြမ်းကြုတ် တဲ့ အင်အားစုကြီးကို တော်လှန် ပုန်ကန်ပြီး လွတ်လပ်ရေးအတွက် ထကြွခဲ့သူတွေအကြောင်းပါ။ ရောမ အင်ပါယာ အားကောင်းလာတဲ့အခါ ဘာဘေးရီးယန်းတွေဟာ အခွန် ဆောင်ရတယ်၊ ကျွန်ပြုခံရတယ်၊ သတ်ဖြတ်ခံရ၊ နေရာရွှေ့ပြောင်းခံရ၊ သူတို့ရဲ့ယဉ်ကျေးမှုကို အတင်းအဓမ္မ ပြုကျင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဘယ်တော့မှ လက်နက်မချပါဘူး။ တဖြည်းဖြည်းချင်း စုစည်းကာ စည်း လုံးညီညွတ်ပြီး သနိ္နဋ္ဌာန် ခိုင်မာတဲ့ ရန်သူကို တိုက်ခိုက်ဖို့အတွက် နည်း လမ်းသစ်တွေကို တီထွင်ခဲ့ကြတယ်။ ဒါဟာ ရာစုနှစ်တွေနဲ့ချီပြီး တိုက် ခိုက်ခဲ့ကြတဲ့ စွမ်းရည်မြင့်မားသူတို့ရဲ့ တိုက်ပွဲပါ။ ရိုမန်အင်ပါယာရဲ့ အဦးအစ နဲ့ ပြိုကွဲပျက်စီးမှုအကြောင်း တော် လှန် တိုက်ခိုက်ခဲ့ကြတဲ့ ဘာဘေးရီး ယန်း ခေါင်းဆောင်တို့ရဲ့ အမြင် ရှု ထောင့်က တင်ပြထားချက်ဖြစ်ပါတယ်။