Asia's Special Forces With Terry Schappert

History
16 Mar 2017 - 9:30pm
နှစ်ရာသီ အောင်မြင်ခဲ့ပြီးနောက် History  (အာရှ) ချန်နယ်က ကမ္ဘာ ပေါ်မှာ အခက်ခဲ အကြမ်းတမ်းဆုံး တပ်ဖွဲ့တွေအကြောင်း ပရိသတ်တွေ ထံ ယူဆောင်လာပြန်ပါတယ်။ အာရှ ဒေသက အကျော်အမော် တပ်ဖွဲ့တွေ ရဲ့ ကြမ်းတမ်းရက်စက်တဲ့ လေ့ကျင့် ရေးတွေ၊ နောက်ဆုံးပေါ် တိုက်ခိုက် မှု စွမ်းရည်တွေကို ဖော်ထုတ်တင်ပြ ရင်း သူတို့လောကထဲကို ထဲထဲဝင် ၀င် ၀င်ရောက် တင်ပြထားတာပါ။ အခုတင်ဆက်မယ့် အပိုင်း ၄ ပိုင်းပါ အထူးအစီအစဉ်မှာ မူရင်းစီးရီးထဲက အခက်ခဲဆုံး လေ့ကျင့်မှုတွေကို ပြန်လည်ယူဆောင်လာပြီး အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း အကျော် အမော် တယ်ရီရှက်ပတ်နဲ့အတူ အသစ် တွေကို တင်ဆက်သွားမှာပါ။ တယ်ရီ က အာရှဒေသက အထူးတပ်ဖွဲ့တွေ ရဲ့ ခက်ခဲကြမ်းတမ်းမှုကို သူ ၂၃ နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထုပ်စိမ်း အထူးတပ်ဖွဲ့နဲ့ နှိုင်းယှဉ် တင်ပြပါလိမ့်မယ်။ အတိတ်က  အတွေ့အကြုံတွေကို အလေးအနက် စဉ်းစားဆင်ခြင်ရင်း အာရှက အထူး တပ်ဖွဲ့ ၆ ဖွဲ့ဟာ အတော်တကာ့ အတော်ဆုံးဖြစ်ကြောင်း နှိုင်းယှဉ်ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။ စီးရီး ၁ နဲ့ ၂ မှာ တင်ဆက်ခဲ့ပြီး အခု အထူးအစီအစဉ်မှာ ပါဝင်လာမယ့် အထူးတပ်ဖွဲ့တွေကတော့ ...
၁။ မလေးရှား - ဂရပ်ဂါးရတ်ခါးစ် (GGK)
၂။ ဖိလစ်ပိုင် - မရိန်းရီကွန်
၃။ ထိုင်း - မရိန်းရီကွန်
၎။ ဖိလစ်ပိုင် - စကောက်ရိန်းဂျားစ်
၅။ သီရိလင်္ကာ - လောင်းရိန့်ဂ်ျရီကွန်နေးဆင့်ပက်ထရိုလ်
၆။ ထိုင်ဝမ် - မရိန်းရီကွန်...တို့ပါပဲ။