The Apartment : Rising Stars Edition

AXN
20 May 2017 - 8:05pm

အာရှတိုက်ရဲ့ အကြီးမားဆုံး ဒီဇိုင်းဆိုင်ရာ ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ် The Apartment: Rising Stars Edition ဟာ AXN ကို ရောက်လာပါပြီ။ ၂၀၁၇ ခုနှစ်၊ မတ်လမှာ စတင်ထုတ်လွှင့်နေတဲ့ အပိုင်း ၁၀ ပိုင်းပါ အစီအစဉ်ဟာ အညွန့် တလူလူ တက်နေတဲ့ ဒီဇိုင်နာ ၁၂ ဦးတို့ဟာ စတိုင်လ် စူပါစတားအသစ်စက်စက် ဖြစ်လာဖို့ အကျိတ်အနယ် ယှဉ်ပြိုင်ကြပါပြီ။ ဂရင်းဆုကြီးအတွက် ဆုကြေးငွေကတော့ ဒေါ်လာ ၁၀၀,၀၀၀ ပါ။ ဒီပွဲကြီးအတွက် အကဲဖြတ်သူတွေကတော့ အကဲဖြတ်ဒိုင်ချုပ်အဖြစ် ကမ္ဘာကျော် အဆောက်အအုံအတွင်းဘက်ဒီဇိုင်နာ လောရင့်စ်လီဝဲလင်းဘိုဝင်၊ ဆုရ ဟိုတယ်နဲ့ ပရိဘောဂဒီဇိုင်နာ ဂျေးမီဒူရီ၊ အမေရိကန် ရုပ်သံတင်ဆက်ဆက်သူနဲ့ အိမ်တွင်းဖြစ် ပစ္စည်းဆိုင်ရာ ဒီဇိုင်နာ ဂျဲနဗိဗ်ဂေါ်ဒါတို့ ဖြစ်ကြပါတယ်။