Ainsley Eats The Streets

TLC
22 Jan 2018 - 4:45pm

အီစတန်ဘူလ်ဟာ ဥရောပနဲ့ အာရှတိုက်ကို ဆက်သွယ်ပေးထားတဲ့ တံတားမြို့ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် အစားအသောက်တွေကို ရှာဖွေမယ့် ခရီးသွားတစ်ယောက်အတွက်ရော ဘယ်လို အဓိပ်္ပာယ်ရှိနေ မလဲ။ ဒီမြို့ကြီးရဲ့ ဥရောပဘက်အခြမ်းမှာတော့ ရေစပ်နားက စားပွဲလေး တစ်လုံးမှာထိုင်၊ ငါးနဲ့ ရိုးရိုးလေး စား၊ ဖြတ်သွားဖြတ်လာ လှည်းပေါ်က လက်ဖက်ရည်သောက်ပေါ့။ အာရှဘက်ကို ဖယ်ရီနဲ့ သွားတဲ့အခါမှာတော့ ရွာထဲက ရာသီစာ အစားသောက်တွေ စားရပါလိမ့်မယ်။ အီစတန်ဘူလ် နောက်ဖေးလမ်းကြားတွေမှာတော့ ဒေသခံ အစားအသောက် ဘလော့ဂါ တွေက အိန်းစလီကို သာမန် အလုပ်သမားတွေရဲ့ ကဖေးဆိုင်လောက ကို ရှာတွေ့အောင် ကူညီကြပါလိမ့်မယ်။ တည်ခင်းတဲ့ အစားအသောက် စာရင်းက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါပေမဲ့ အိန်းစလီအတွက်တော့ သူ့ကိုယ်ပိုင် ဟင်းခတ်အမွှေးအကြိုင် လှိုင်တဲ့ ဒေသဖြစ် ကော့ဖ်တာကီ ဘက်ဘ် (အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်ချောင်း) ကို ချက်ပြုတ် ပြင်ဆင်ကြည့်ဦးမှာပါ။