The Adventures of Roborex

Fox Family Movies
18 Mar 2017 - 6:30pm
ဂျိမ်းစ်မီလာမှာ ကမ္ဘာပေါ်မှာ တစ်ယောက်တည်းသော သူငယ်ချင်းပဲ ရှိတယ်။ သူ အင်မတန်ချစ်တဲ့ လက်ဘရာဒေါ ခွေးကလေး “ရက်စ်”ပါ။ ဒါပေမဲ့ အိမ်နောက်ဖေးမှာ ထူးဆန်းတဲ့ ယာဉ်တစ်မျိုး ကျလာပြီးနောက်စက်ရုပ် ခွေးတစ်ကောင် အဲဒီထဲက ထွက်လာပါလေရော။ အဲဒီမှာတင် ဂျိမ်းစ်ရဲ့ ဘ၀ဟာ အပြောင်းလဲကြီး ပြောင်းလဲ သွားပါတော့တယ်။ စက်ရုပ်ခွေးက သူ့ကိုယ်သူ “ရိုဘိုရက်စ်”လို့ဆိုပြီး သူဟာ ဆိုးဝါးယုတ်မာပြီးကမ္ဘာကြီး ကို အပိုင်စီးဖို့ကြံနေတဲ့ ပါမောက္ခ အပိုကယ်လစ်ကို ရပ်တန့်ဖို့အတွက် အနာဂတ်ကနေ လာတာလို့ ဂျိမ်းစ်ကို ပြောတယ်။ ပါမောက္ခ ဒစ္စထရပ် တို-ကြောင် ဆိုတဲ့စက်ရုပ် ရှိနေပါတယ်။ ဒီတော့ ရက်စ်နဲ့ ရိုဘိုရက်စ်တို့ရဲ့ အကူအညီနဲ့အတူ ဂျိမ်းစ်ဟာ အနာဂတ် ကာလကို ကယ်တင်ဖို့ သူရဲကောင်းဆန်တဲ့၊ နှလုံးသားကိုနွေးထွေးစေမယ့် စွန့်စားခန်းတစ်ခု ထွက်ခွာရတော့မှာပါ။ ဒါရိုက်တာ စတီဖင်ရှီး မက်ရဲ့ လက်ရာဖြစ်ပြီး ဘင်ဘရောက်ဒါ၊ ကယ်ဗင်စတင်းဂါး၊ အီသန်ဖိလစ်တို့ ပါဝင်ထားပါတယ်။