ĒLDLIVE

Animax
21 May 2017 - 3:00pm
ချုအုတကိုကိုနိုဆဲဟာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး အဒေါ်နဲ့အတူ နေထိုင်ပါတယ်။ သူ အမှတ်ရနေ သမျှက သူ့ခေါင်းထဲမှာ အသံ တစ် သံ ရှိနေခဲ့တာပါပဲ။ ဒါ့အပြင်တော့ သူဟာ သာမန်ယောက်ျားလေး တစ် ယောက်ပါ။ အဲဒီနောက်တော့ ထူး ဆန်းတဲ့ အသွင်အပြင်တစ်ခု သူ့ နောက်ကနေ အိမ်အထိ လိုက်လာ ပြီး ထူးဆန်းအံ့သြစရာတွေအပြည့် ရှိနေတဲ့ နေရာတစ်နေရာအကြောင်း သိစေခဲ့ပါတယ်။ အဲဒီနေရာက ရဲဌာနတစ်ခုဖြစ်ပြီး နေစွမ်းအင်စနစ်ဆိုင်ရာ ဌာနအကြီးအကဲ ရဲအင်ဘရစ်ကဲက ကွန်ပျူတာက ချုအုတကို ရဲတပ်ဖွဲ့ထဲ ၀င်ရောက်ဖို့ ရွေးချယ်ခဲ့ကြောင်း ပြောဆိုခဲ့တယ်။ ချုအုတတို့ကျောင်းက နတ်မိမယ်ရုပ်သွင်နဲ့ ကျောင်းသူလေး မိဆုဇုဆောနောကတက ချုအုတ ဟာ အဲဒီအလုပ်နဲ့ သင့်တော်တယ်လို့ မထင်ပါဘူး။ အစပိုင်းမှာ တုန်လှုပ် အံ့သြခဲ့ရတဲ့ ချုအုတဟာ သူ့ခေါင်း ထဲက အသံရဲ့ တိုက်တွန်းမှုကြောင့် မိဆုဇုရဲ့ ထင်မြင်ချက် မှားယွင်းကြောင်း သက်သေပြဖို့အတွက် စမ်းသပ်မှုတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။