FAQ for Sale

4TV စက်ဝယ်ရင် ဘယ်လောက်ပေးရမလဲ။

4TV HD စက်ကို (စက် + ကဒ်) ကို ၄၅၀၀၀ ကျပ်နှင့် အရည်အသွေးမြင့် ရုပ်သံလိုင်းပေါင်းများစွာကို ကြည့်ရှုနိုင်ပါသည်။

4TV စက်ကိုဘယ်မှာ ၀ယ်ယူလို့ရမလဲ။

4TV HD စက်အသစ်ကိုတစ်နိုင်ငံလုံးရှိ 4TV Showroom များ နှင့် 4TV အရောင်းကိုယ်စားလှယ်များ ၊ City Mart ၊Ocean Supermarket များတွင်လည်း ၀ယ်ယူကြည့်ရှုနိုင်ပါသည်။

4TV စက်ကိုဘယ်မှာသက်တမ်းတိုးလို့ရမလဲ။

4TV Showroomများ ၊ 4TV အရောင်းကိုယ်စားလှယ်ကြီးများ ၊CB Bank ၊ AYA Bank နှင့် 1STOP ကိုယ်စားလှယ် ဆိုင်များတွင် သွားရောက် သက်တမ်းတိုးကြည့်ရှုနိုင်ပါသည်။ ထို့အတူ CB Bank ၊ AYABank ၊ MAB Bank စသည့် Mobile banking application များဖြင့်လည်း သက်တမ်းတိုး ကြည့်ရှုနိုင်ပါသည်။

သက်တမ်းတိုးရင် ဘယ်လောက် ပေးရမလဲ။

4TV ရုပ်သံလိုင်းများကို ၁ လ သက်တမ်းတိုးမည်ဆိုပါက 8900 ကျပ် ကျသင့်မည် ဖြစ်ပြီး
၃လ သက်တမ်းတိုးဝယ်ယူ ကြည့်ရှုပါက ၁လ အခမဲ့ ၊
၆လ သက်တမ်းတိုးဝယ်ယူကြည့်ရှုပါက ၂လ အခမဲ့ ကြည့်ရှုခွင့်ကိုခံစားရမည်ဖြစ်ပါသည်။
*** ကျသင့်ငွေများအတွက် Commercial Tax ကျခံရမည်ဖြစ်သည်။

အခုသက်တမ်းတိုးပြီးအခုလိုင်းပွင့်လား၊ သက်တမ်းကုန်ရင်ဘယ်ချိန်အထိကြည့်လို့ရလဲ။

4TV Showroom ၊ CB Mobile Banking Apk ၊ MAB mobile Banking Apk ၊ 1STOP ကိုယ်စားလှယ်ဆိုင်များတွင် သက်တမ်းတိုးပြီးလိုင်းများကို မိနစ်(30)အတွင်းကြည့်ရှုနိုင်ပါသည်။ AYA bank /AYA Banking Apk နှင့် CB Bank တွင် သွားရောက် သက်တမ်းတိုးမည်ဆိုပါက (12:00)နာရီ အတွင်း လိုင်များပြန်လည်ကြည့်ရှုနိုင်ပါမည်။ သက်တမ်းကုန်ဆုံးပြီးမှ တိုးလျှင်လိုင်းများလျှင်မြန်စွာကြည့်ရှု့နိုင်ရန်အတွက်သက်တမ်းတိုးပြီး မိမိစက်ကိုPowerမီးဖွင့် ထားပြီး Free to Air လိုင်းများကိုဖွင့်ထားပေးရမည်။ အခပေးရုပ်သံလိုင်းများမိနစ်(30)အတွင်းပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
သက်တမ်းမကုန်မီသက်တမ်းတိုးပါကလိုင်းများပျက်တောက်ခြင်းမရှိဘဲကုန်သည့်ရက်မှစ၍ သက်တမ်းတိုးထားသော (လ)အလိုက်လိုင်းများကြည့်ရှုရမည်ဖြစ်ပါသည်။
သက်တမ်းကုန်ဆုံးသည့် ရက်မတိုင်မီသက်တမ်းတိုးခဲ့ခြင်းမရှိပါက သက်တမ်းကုန်ဆုံးသည့်ရက်၏ ည (၁၂)နာရီ တိတိ တွင် အခပေးရုပ်သံလိုင်းများ ပြတ်တောက်သွားမည်ဖြစ်ပါသည်။

4TV ကို ၀ယ်ရင် မည်သည့် ပစ္စည်းများ ပါဝင်မလဲ။

Set Top Box/ Receiver စက်တစ်ခုနှင့်အတူ ပါဝင်သော ပစ္စည်းများမှာ -

  • ရီမုတ် ကွန်ထရိုး (Remote Control) (၁) ခု၊
  • HDMI ကြိုး (၁)ကြိုး
  • ဖြူနီဝါ Audio / Video ကြိုး (Composit) (၁) ကြိုး
  • Power Adaptor (၁)ခု နှင့်
  • Battery တစ်စုံ
  • Manual စာအုပ် တစ်အုပ်
  • 4TV လက်ဆွဲအိတ်တို့ ဖြစ်ပါသည်။

4TV စက်မှာဘယ်လို Function တွေအသုံးပြုလို့ရမလဲ။

4TV စက်တွင်HDMI Cable အသုံးပြုနိုင်သည့်အတွက် ပိုမိုကြည်လင်သည့် HD ( High Definition) ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်သည့်အပြင် EPG (Electronic Program Guide)ဖြင့် မိမိနှစ်သက်သော Program များကိုစောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် Memory Stick ဖြင့်တွဲဖက်အသုံးပြုပါက PVR (Personal Video Record) ဟုခေါ်သော Function ပါဝင်သည့်အတွက် မိမိတို့ နှစ်သက်သောရုပ်သံအစီအစဉ် များကို တိုက်ရိုက် ကူယူနိုင်ခြင်း (Live Record )၊ မအားလပ်သောအချိန်များတွင် မိမိတို့ကြိုက်နှစ်သက်သော အစီအစဉ်ကောင်း များကို EPG function ဖြင့် ကြည့်ရှုပြီးအချိန်ကိုက် ကူးယူနိုင်ခြင်း (Timer Record )၊ မိမိကြည့်ရှုနေချိန် အတွင် ခေတ္တရပ် နားထားပြီး ပြန်လည်ကြည့်နိုင်သည့် (Time Shift Function) စသည့် လုပ်ဆောင်ချက်များ ပါဝင်သည့် အတွက် ရုပ်သံဇာတ်လမ်းကောင်းများကိုလက်မလွတ် တမ်းကြည့်ရှုနိုင်ပါသည်။

4TV စက်တပ်ဆင် မည်ဆိုလျှင် နေရာဒေသကန့်သက်ထားမှုရှိပါသလား ၊မည်သည့် ပစ္စည်းများထပ်မံလိုအပ်ပါမလဲ။

4TV စက်တပ်ဆင်မည်ဆိုပါက မြန်မာနိုင်ငံ၏ မည်သည့်နေရာဒေသတွင် မဆို 4TV Satellite စက်နှင့်စလောင်းဗန်း အားတွဲဖက်ကာ တပ်ဆင် ကြည့်ရှုနိုင်ပါသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် 4TV Satellite စက်အပြင် Antenna နှင့် တွဲဖက်အသုံးပြုရသည့် 4TV စက်ဖြင့်လည်း ကြည့်ရှုနိုင်ပါသည်။

4TV မှ ဘယ်လို ၀န်ဆောင်မှုတွေပေးနေပါသလဲ။

Customer များအား 4TV စက် အသုံးပြုရာတွင် အစဉ်ပြေချောမွေ့စေရန်အတွက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေသည့် Hotline ဖုန်းနံပါတ် 01-2306166 မှ နေ့စဉ် နံနက် 9:00 မှ ညနေ 6:00 အထိ ဖုန်းဖြင့် ခေါ်ဆို မေးမြန်မှုများအား ပြန်လည်ဖြေကြားပေးသည့် ၀န်ဆောင်မှုများပေးနေပါသည်။ Social Media အသုံးပြုသည့် Customer များကိုလည်း 4TV ၏ ၀က်ဆိုဒ် (www.4tv.com.mm) နှင့် Facebook Page (www.facebook.com.mm/4tvmyanmar) များတွင်လည်း 4TV မှနေ့စဉ် ထုတ်လွှင့်လျက်ရှိသော အစီအစဉ် ကောင်းများစွာကို ကြေညာပေးခြင်း၊ အစဉ်မပြေမှုများရှိပါက ကူညီဆောင်ရွက်ပေးခြင်းစသည့် ၀န်ဆောင်မှုများ ရှိပါသည်။ ထို့အပြင် အပတ်စဉ် TV Guide စာအုပ် ကိုလည်း ထုတ်ဝေလျက်ရှိပြီးအပတ်စဉ် စနေနေ့တိုင်း ကြေးမုံသတင်းစာတွင် တစ်ပတ်အတွင်းပြသမည့် အစီအစဉ်ကောင်းများစွာကို ကြေညာပေးလျက်ရှိပါသည်။