FAQ for PVR

EPG မရှိသော လိုင်းများတွင် PVR ကူးယူ၍ရပါသလား။

PVR Function များရှိ Sd Live Record နှင့် Sd Live Record ကိုသာ အသုံးပြု၍ရပါသည်။

PVR ကို Live Recording ပြုလုပ်နေစဉ် တခြားလိုင်းသို့ ပြောင်းလဲကြည့်ရှု၍ ရနိုင်ပါသလား။

အခြားလိုင်းပြောင်းလဲကြည့်ရှု၍ မရပါ။ မိမိ ကြည့်ရှုနေသော Channel ကိုသာ ကူးယူနိုင်ပါသည်။

USB Stick နှင့်ချိတ်ဆက်ပြီး ကူးထားသော File ကို Computer, Laptop တို့တွင် ကြည့်ရှုနိုင်ပါသလား။

အခြားသော Device များတွင် ပြန်လည်ကြည့်ရှု၍ မရပါ။ မိမိ ကူးယူထားသော စက်တွင်သာ ပြန်လည်ကြည့်ရှုနိုင်ပါသည်။

Live Show ကဲ့သို့ Channel Program များကို ကြည့်ရှုရန် မမီပါက Record လုပ်လို့ရနိုင်ပါသလား။

မည်သည့် Program ကိုမဆို PVR Function အသုံးပြုနိုင်ပါသည်။

2.0 USB 32 GB နှင့် ကူးလျှင် ရနိုင်ပါသလား။

အသုံးပြုလို့ရပါသည်။

PVR မှမည့်သည် အကျိုးကျေးဇူးများရနိုင်မည်နည်း။

PVR Function တွင် Live Record, Time Shift Function နှင့် EPG ဖြင့် Record ပြုလုပ်ခြင်းများ ပါဝင်သောကြောင့် မိမိကြည့်ရှုသည့် Program များကို သိမ်းဆည်းနိုင်ခြင်း ၊ အချိန်မအားလပ်ပါက PVR ကိုအသုံးပြုပြီး ပြန်လည်ကြည့်ရှုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပါမည်။

Channel Record အတွက် USB 3.0 External HD 500 GB အား တပ်ဆင်ပြီး အသုံးပြုနိုင်မည် ဟုတ်ပါသလား။

အသုံးပြုနိုင်ပါသည်။ External HD ဖြင့် အသုံးပြုပါက Hard disc အား 4TV စက်တွင် Format ချပြီး အသုံးပြုနိုင်ပါသည်။

ကူးထားပြီးသား PVR File ကိုပြန်ကြည့်လျှင် ထစ်နေရခြင်းမှာ အဘယ်ကြောင့်နည်း။

ပြန်လည်ကြည့်ရှုရာတွင် ထစ်နေခြင်းမှာ မိမိ ကူးယူသည့်အချိန်တွင် Channel လိုင်းများ Signal ကောင်းမွန်စွာ မရှိခြင်း၊ USB Stick ၏ Speed နည်းခြင်း နှင့် USB Stick error ကြောင့်လည်း ရုပ်များထစ်ခြင်း အသံများထစ်ခြင်း ဖြစ်ပေါ်စေပါသည်။

Upgrade လုပ်ထားသော 4TV စက်မျုားတွင် PVR အသုံးပြု၍ ရနိုင်ပါသလား။

Upgrade ပြုလုပ်ထားမှသာ PVR Function ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Record လုပ်ရာတွင် ကိုယ်ပိုင် USB Stick နှင့် ချိတ်ဆက်၍ရနိုင်ပါသလား၊ မည်သို့သော Stick နှင့်ရနိုင်ပါသေးသလဲ။

ကိုယ်ပိုင် USB Stick နှင့် အသုံးပြုလို့ရပါသည်။ ပထမဦးစွာ 4TV စက်တွင် format ချပြီးအသုံးပြုနိုင်ပါသည်။ PVR Record File size ကြီးသည့် အတွက် MB များသော USB Stick ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။

USB Stick နှင့် ကူးထားသော file ကိုအခြားစက်တွင် ပြန်လည်ကြည့်ရှု၍ မရနိုင် ဖြစ်နေပါသည်။

မိမိ ကူးယူထားသော စက်တွင်သာ ပြန်လည်ကြည့်ရှုနိုင်ပါသည်။

လက်ရှိကြည့်ရှုနေသည့် အစီအစဉ်ကို အခြားလိုင်းနှင့် PVR ကူးယူရင်း တပြိုင်တည်း ကြည့်ရှု၍ရနိုင်ပါသလား။

မိမိကြည့်ရှုနေသောလိုင်းကိုသာ ကူးယူလို့ရပါမည်။ အခြားအစီအစဉ်ကို တပြိုင်နက်တည်း ကူးယူ၍မရနိုင်ပါ။

PVR Record ကို ပြန်ကြည့်လျှင်နှေးနေသည်မှာ အဘယ်ကြောင့်နည်း။

USB Stick တွင် အခြားသောဖိုင်များဖြင့်ပြည့်နေခြင်း၊ Memory error ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်စေနိုင်ပါသည်။

မည်သည့်စက်အမျိုးအစားများတွင် Record လုပ်နိုင်ပါသနည်း။

Kaon စက် အမျိုးအစားများ ဖြစ်သည့် ZDT-120, Co3000, Co3400, Co3600 စက်အမျိုးအစားများတွင် အသုံးပြုနိုင်ပါသည်။ Zinwell စက်ဖြစ်ပါက Model ZDX1000 တွင် Live Record နှင့် EPG ဖြင့် Record ပြုလုပ်နိုင်ပါသည်။

4TV satellite receiver "Model-ZDX- 1000" တွင် မိမိကြိုက်နှစ်သက်ရာ အစီအစဉ်များကို Memory Stick နှင့် Record လုပ်၍ရပါနိုင်ပါသလား။

Zinwell စက် ဖြစ်ပါက Model ZDX1000 တွင် Live Record နှင့် EPG ဖြင့် Record ပြုလုပ်နိုင်ပါသည်။

PVR အတွက် USB Stick ကို မည်သို့ထိန်းသိမ်း အသုံးပြုသင့်ပါသနည်း။

PVR Function အသုံးပြုသော USB Stick သည် အခြားသော Data များ အသုံးပြုခြင်း၊ အဖြုတ်အတပ်များ ပြုလုပ်ရာတွင် Format ချသည့်အတွက် USB Stick ပျက်တက်ပါသည်။ ထို့ကြောင့် PVR အတွက် USB Stick ကို သီးသန့်အသုံးပြုသင့်သည်ဟု အကြံပြုအပ်ပါသည်။