FAQ for Error

No Signal / No Access (8) ဖြစ်ပြီးဘာကြောင့် ရုပ်သံလိုင်းကြည့်လို့မရတာလဲ။

4TV Antenna စက်

Remote မှ (i)ခလုပ်အားနှိပ်ပါ။ (Zinwell စက်ဖြစ်ပါက Remote မှ (i) ခလုပ်အား (၃)ချက်နှိပ်ပါ က Signal အ၀င်ပေါ်လာပါမည်။)
TVတွင် ညာဘက်အောက်ရှိ စလောင်းပုံစံ၏ ဘေးတွင် အစင်းတန်းနှစ်တန်း ပေါ်နေပါမည်။ ထိုအစင်းတန်းလေးသည် Signal အ၀င်နှုန်းကိုဖော်ပြနေခြင်းဖြစ်သည်။ ထိုအစဉ်းတန်း နှစ်တန်း ၏ ကာလာသည် တစ်ဝက်ကျော်ကျော်မရှိပါက မိမိအသုံးပြုသော Antenna သည် 4TVမှထုတ်လွှင့်နေသည့် Signalကို ကောင်းကောင်းမမိခြင်းနှင့် Signal ကောင်းကောင်းမမိသောနေရာတွင် ထောင်ထားခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ မိမိအသုံးပြုနေသော Antenna ကိုနေရာပြောင်းရွှေ ကြည့်ပါက Signal အတက်အကျ ကိုဖော်ပြနေပါမည်။ TV တွင် ပြနေသောSiganlအစင်းတန်း နှစ်တန် ၏ ကာလာသည် တစ်ဝက်ကျော်ကျော် ရှိပါကရုပ်သံလိုင်းများကောင်းမွန်စွာပြန်လည်ကြည့်ရှု့နိုင်ပါမည်။
ထို့အပြင် Antenna ပျက်ခြင်း ၊ Antenna ခေါင်းချောင်ခြင်း ၊ Antenna Cable ပျက်စီးနေခြင်း ၊Antenna ဘားနည်းခြင်း(ဘားအကွေးအသုံးပြုခြင်း) နှင့် 4TV စက်၏ Tuner ပျက်စီးနေခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။အစဉ်မပြေမှု့များရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

 

4TV Satelliteစက်

Remote မှ (i)ခလုပ်အားနှိပ်ပါ။(Zinwell စက်ဖြစ်ပါက Remote မှ (i) ခလုပ်အား (၃)ချက်နှိပ်ပါ က Signal အ၀င်ပေါ်လာပါမည်။)
TV တွင် ညာဘက်အောက်ရှိစလောင်းပုံစံ၏ ဘေးတွင် အစဉ်းတန်း နှစ်တန် ပေါ်နေပါမည်။ထိုအစဉ်တန်းလေးသည် Signal အ၀င်နှုန်းကိုဖော်ပြနေခြင်းဖြစ်သည်။ထိုအစဉ်းတန်း နှစ်တန်း ၏ ကာလာသည် တစ်ဝက်ကျော်ကျော်မရှိပါကအောက်ပါအတိုင်းစစ်ဆေးရပါမည်။
Satellite စက်များသည် မိုးရာသီဥတုကြောင့်  ခေတ္တ Signal ပျက်တောက်မှု့များရှိနိုင်ပါသည်။ ရာသီဥတုကောင်းမွန်ပြီး No Signal ဖြစ်ပေါ်နေပါကမိမိအသုံးပြုထားသောစလောင်းဗန်းသည် တည်နေရာရွေ့နေခြင်း၊ စလောင်းဗန်းထိပ်ရှိ LNB ပျက်ခြင်း နှင့် Cable များပျက်စီးခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်ပါသည်။ အစဉ်မပြေမှု့များရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

No Access (1)/(4) ပြနေတာဘာကြောင့်လဲ။

Customer စက်အသစ်အားလိုင်းများစတင်ဖမ်းယူပြီးလျှင် No Access (1)/(4) ပြနေပါမည်။ 4TVစက်တွင် ရုပ်သံလိုင်းများပွင့်ရန်အတွက် (Pairing)လုပ်နေခြင်းဖြစ်သည်။ အများဆုံး(15)မိနစ်အကြာတွင် လိုင်းအားလုံးပွင့်သွားပါလိမ့်မည်။အစဉ်မပြေမှုများရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

No Access (6) လို့ TV မှာပေါ်နေ ပြီးလိုင်းမလာတော့တာဘာကြောင့်လဲ။

မိမိ ၏ စက်သည် သက်တမ်းထပ်မံတိုးထားခြင်းမရှိသည့်အတွက် သက်တမ်းကုန်ဆုံးသွားခြင်းဖြစ်သည်။
နီးစပ်ရာ 4TV သက်တမ်းတိုးလို့ ရမည့် နေရာများသို့ မိမိ၏ 4TV ကဒ် နံပါတ် ဖြင့် သွားရောက်သက်တမ်းတိုးပါကရုပ်သံလိုင်းများ ပြန်လည်ကြည့်ရှု့နိုင်ပါမည်။အစဉ်မပြေမှု့များရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

No Access (11)/(12) ပြနေပြီးရုပ်သံလိုင်းတွေကြည့်မရတာဘာကြောင့်လဲ။

မိမိအသုံးပြုနေသော 4TV စက် နှင့် ကဒ်သည် လွဲမှားစွာအသုံးပြုနေခြင်းကြောင့်ဖြစ်သည်။
အစဉ်မပြေမှုများရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

Black Screen TV မှာ ဖြစ်နေတာ 4TV လိုင်းတွေ ကြည့်လို့မရဖြစ်နေတယ်။

TV နှင့် 4TV စက်အားတွဲဖက်တပ်ဆင်ရာတွင် လွဲမှားစွာတပ်ဆင်မိခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ 4TV စက်တွင် HDMI Cable အသုံးပြုပါက TV တွင်လည်း HDMI Cable တပ်ဆင်ပြီး TV input အား HDMI သို့ပြောင်းလဲကြည့်ရှု့ရမည်ဖြစ်သည်။
မိမိအသုံးပြုသောTVနှင့် 4TV Receiver တွင်ပါဝင်သော(eg. HDMI, AV, Power )posts များပျက်စီးနေပါကလည်းဖြစ်ပေါ်လာနိင်သည်။အစဉ်မပြေမှု့များရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

Card Problem Check-up(or) No Card Insertedလို့ TV တွင်ပြနေခြင်း။

4TV စက် အတွင်းရှိ Card ပြောင်းပြန်ထည့်မိခြင်း နှင့် ကဒ်လွတ်နေခြင်းတို့ကြောင့်ဖြစ်သည်။
ကဒ်ပြောင်းပြန်ထည့် မိပါကZinwell , KAON 3400 စက်အမျိုးအစားများဖြစ်ပါကကဒ်တွင် ပါရှိသောကြေးပြားအားအပေါ်မှာထား ၍ထည့်ပေးရမည်။
KAON(ZDT-120) , KAON(3000), CO-3600 စက်အမျိုးအစားဖြစ်ပါကကဒ်တွင်ပါရှိ သောကြေးပြားအားအောက် မှာထား၍ ထည့်ပေးရမည်။
ထို့အပြင် မိမိ၏ 4TV card သည် လွတ်နေခြင်းဟုတ်မဟုတ်စစ်ဆေးရန်အတွက် စက်၏ပါဝါကို ပိတ်ပြီးကဒ်အထုတ်ပြီးအထဲသို့ ပြန်လည် အထည့် အသွင်း ပြုလုပ် ပေးပါကရုပ်သံလိုင်းများ ပြန်လည်ကြည့်ရှု့နိုင်ပါသည်။
Card ပျက်ခြင်း ၊ Card Reader ပျက်ခြင်းနှင့် ကဒ်မရှိခြင်းတို့ကြောင့်လဲ ဖြစ်ပေါ်နိုင်ပါသည်။
အစဉ်မပြေမှု့များရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

Mail Box ပုံ TV မှာပေါ်နေလို့ပါ။

4TV မှ ပေးပို့သောစာတိုစနစ်ဖြစ်သည်။ ထိုစာကိုဖွင့် ကြည့်ခြင်း/ဖျတ်ခြင်းများ ပြုလုပ်လိုပါကအောက်ပါနည်းလမ်းအတိုင်းဆောင်ရွက်နိုင်ပါသည်။

ZDT-120(Kaon)/Kaon(co-3400)/(co-3600)စက်

Remote မှာအနီရောင်ခလုပ်ကိုနှိပ်ခြင်းဖြင့် Mail ကိုဖတ်ခြင်း/ဖျောက်ခြင်း ပြုလုပ်နိုင်ပါသည်။

Zinwellစက်

Remote မှ Menu > Information >CA Information >mail box တို့ကိုနှိပ်၍ Mail များကို
ဝင်ရောက်ကြည့်ရှု့ခြင်း၊ ဖျက်ခြင်းများပြုလုပ်နိုင်ပါသည်။
အစဉ်မပြေမှု့များရှိပါက HOTLINE 01-2306166 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။