International Channels - T2

  နိုင်ငံတကာ ရုပ်သံလိုင်းများ

  • Fox Family Movies

    မိသားစုကို  အလေးထားသော  နေ့စဉ်လူမှုနေထိုင်မှုဘဝအတွက် မိသားစုတစ်စုလုံးအတူတကွ ကြည့်ရှုခံစားနိုင်သောရုပ်သံလိုင်း တစ်ခုဖြစ်သည်။                      ဤရုပ်သံလိုင်းတွင် အခြားမည်သည့်ရုပ်သံလိုင်းတွင်မှ ပြသခွင့်မရှိသော Fox, Disney, Sony အစရှိသည့်ရုပ်ရှင်ထုတ်လုပ်ရေးများမှ ထုတ်လုပ်ထားသော           ရုပ်ရှင်ဇာတ်ကားကောင်းများကိုလည်း ပြသနေသော မိသားစုအသားပေးရုပ်သံလိုင်းကောင်းတစ်ခုဖြစ်သည်။

     
  • Fox Movies Premium

    လူကြိုက်များသည့် ကမ္ဘာကျော် ဟောလိဝုဒ်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများသာမက တေးဂီတဖျော်ဖြေရေးပွဲများနှင့် ဆုရမှတ်တမ်းရုပ်ရှင်များ၊ Oscar ၊ Golden Globe ၊ Movies Film Award စသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များ၊ ဆုပေးပွဲများအား ထုတ်လွှင့်ပြသပေးနေသော ကမ္ဘာကျော်ရုပ်သံလိုင်း ဖြစ်ပါသည်။

  • Animax

    အတိုက်အခိုက်၊ အလွမ်းအဆွေး၊ ထိတ်လန့်ဖွယ်၊ သဘာဝလွန်၊ သိပ္ပံ၊ ဟာသနှင့်ဖြစ်ရပ်မှန် ရုပ်သံစီးရီးများစွာကို တင်ဆက်နေသော ရုပ်သံလိုင်းဖြစ်သည်။ဂျပန်နိုင်ငံမှ  ရွေးချယ်ထားသော ကမ္ဘာ့အကျော်ကြားဆုံး ဂျပန်ကာတွန်း Anime များ နှင့် စီးရီးသစ်များကို တစ်စုတစ်ဝေးတည်းကြည့်ရှုနိုင်မည့်ရုပ်သံလိုင်းဖြစ်ပါသည်။

  • AXN

    အာရှ၏ အကောင်းဆုံး ဖျော်ဖြေရေးရုပ်သံလိုင်းများထဲမှ ကမ္ဘာကျော်နာမည်ကြီးရုပ်ရှင်ကား စုစည်းမှုများ၊ ဒရာမာစီးရီးများ၊  ဖြစ်ရပ်မှန် အစီအစဉ်များနှင့်လူကြိုက်များသော   မူရင်းထုတ်လွှင့်မှုများ ပါဝင်သည်။ ပရိသတ်ကြိုက်နှစ်သက်စိတ်ဝင်စားမည့် စိတ်အာရုံကိုဆန်းသစ်စေသောလျှို့ဝှက်သည်းဖိုဇာတ်လမ်းများကို အမေရိကန်ရုပ်သံလိုင်းများ    ကဲ့သို့ပင် တင်ဆက်ပြသနေသော ရုပ်သံလိုင်းတစ်ခုဖြစ်သည်။

  • Channel NewsAsia

    CNAI   ရုပ်သံလိုင်းသည်   စင်္ကာပူအခြေစိုက်   အင်္ဂလိပ်စကားပြော   အာရှရုပ်သံသတင်းဌာန ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ  စီးပွားရေးဖွံ့ဖြိုးမှု   သတင်းအချက်အလက်များကို   အာရှရှုထောင့်နှင့်ကိုက်ညီအောင်တင်ဆက်ပေးနေပြီး      လတ်တလောသတင်းဖြစ်နေသည့် ဖြစ်ရပ်နှင့် အကြောင်းအရာတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းအဖြစ်အပျက်တွေ၊ လတ်တလောဖြစ်ရပ်တွေကို အချိန်နဲ့တပြေးညီ ထုတ်လွင့်ပေးနေတဲ့ရူပ်သံလိုင်းဖြစ်သည်။

  • Star World

     ရုပ်သံဇာတ်လမ်းတွဲများ၊ဟာသဇာတ်လမ်းတွဲများ၊Reality Show များ၊Model Show များ၊Fashion Show များ၊ ဟင်းချက်ပြိုင်ပွဲများ၊ ရုပ်ရှင် ဂီတဆုပေးပွဲများကိုတင်ဆက်ပေးသည့် ဖျော်ဖြေရေးရုပ်သံလိုင်းဖြစ်ပါသည်။

  • Channel V

     အာရှဂီတနှင့် အာရှလူနေမှုပုံစံကို အဓိကထားတင်ဆက်ပေးသော ဖျော်ဖြေရေးလိုင်းဖြစ်ပါသည်။ ထိပ်တန်းစာရင်းများတွင် အောင်မြင်နေသော ဂီတဗီဒီယိုများ၊ အင်တာဗျူးများ၊  စင်တင်ဖျော်ဖြေပွဲများ ၊တေးသံရှင်များ၏ အယ်လ်ဘမ်အသစ်များနှင့် တေးသီချင်းကောင်းများစွာကိုတင်ဆက်ပေးသော ရုပ်သံလိုင်းဖြစ်သည်။

  • Waku Waku Japan

    ၂၄နာရီပတ်လုံးထုတ်လွှင့်ပြသပေးသော ဂျပန်ရုပ်သံလိုင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲများ၊ ကလေးများ နှစ်သက်သော ကာတွန်းအစီအစဉ်များ၊ သီချင်းများ၊ ဂျပန်ရိုးရာယဉ်ကျေးမှု အစားအသောက်များအကြောင်းကိုပါ ထုတ်လွှင့်ပြသပေးသော ရုပ်သံလိုင်းဖြစ်သည်။

  • TLC

     ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီ၏အကြောင်းအရာ၊ပန်းချီအနုပညာ ၊အစားအသောက်တွေနှင့် တကွမတူညီသော လူနေမှုဓလေ့စရိုက်၊အလှအပနှင့်ရှေး ဟောင်းအမွေအနှစ်များအကြောင်း၊ ကမ္ဘာကျော်စာဖိုမှုးများ ရဲ့ အချက်အပြုတ် အစီအစဉ်များ၊ ခရီးသွားလာခြင်းနှင့်လူနေမှုစတိုင်များ ကိုပြသပေးသော ရုပ်သံလိုင်း ဖြစ်သည်။

  • Star Chinese Intl

      ၂၄နာရီ ထုတ်လွှင့်သော ကန်တုန်နှင့်မန်ဒရင်းဘာသာ စကားပြောရုပ်ရှင်လိုင်းဖြစ်ပါသည်။  ဂျက်ကီချန်း ၊ချောင်ယွန်ဖက်၊ မီရှဲလ်ယိုး၊ အန်ဒီလော၊ ဆမ်မီချင်းနှင့်       စတီဗင်ချောင် စသည့်တရုတ်သရုပ်ဆောင် အကျော်အမော်များစွာ ပါဝင်သည့် ဇာတ်ကားများပြသနေပြီး ဒရာမာဇာတ်လမ်း၊သတင်း၊ဘ၀နေထိုင်မှုပုံစံနှင့် Talk Show များကိုတင်ဆက်ပေးနေသည့် တရုတ်ရုပ်သံလိုင်းဖြစ်သည်။

  • KBS World

      တောင်ကိုရီးယားနိုင်ငံ  ပထမဦးစွာအင်္ဂလိပ်စာတန်းနှင့်  ပြသသောရုပ်သံလိုင်းဖြစ်ပါသည်။ ယဉ်ကျေးမှုရေးရာ ၊မှတ်တမ်းအစီအစဉ်များ၊    သတင်းများ၊ တေးဂီတဆုပေးပွဲများ၊ ကိုရီးယား ရိုးရာအစားအသောက်များ၊ Talk Show များ၊ KBS မှရိုက်ကူးသော ရုပ်သံစီးရီးတွဲများကို                                                                         ပြသပေးသောရုပ်သံလိုင်းဖြစ်သည်။

  • TV5MONDE

     ပြင်သစ်ဘာသာစကားပြော ပြင်သစ် Channel တစ်ခုဖြစ်ပြီး ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့်ကနေဒါ နိုင်ငံများမှာပြသနေသော ပြင်သစ်အရေး ရုပ်သံအစီအစဉ်တွေကို ထုတ်လွှင့်ပေးနေပြီး နိုင်ငံတကာသတင်းနဲ့တကွ ပြင်သစ်ရုပ်ရှင်များ၊ ဂီတ အစီအစဉ်များကို ထုတ်လွှင့်ပြသပေးသောရုပ်သံလိုင်းဖြစ်ပါသည်။

  • Fyi

    အချက်အပြုတ်အစီအစဉ်များ ၊  လူနေမှုဓလေ့စရိုက်၊ ခရီးသွားလာခြင်း စသည့်စိတ်ဝင်စားဖွယ် အစီအစဉ်များပါဝင်ပါသည်။

  • DW

    ရုပ်သံလိုင်းသည်ဂျာမန်နိုင်ငံမှာ ထုတ်လွှင့်သောသတင်းလိုင်းဖြစ်ပြီး သတင်းနှင့်ပြန်ကြားရေးကို အဓိကထားပြီးယဉ်ကျေးမှုဖြစ်ရပ်မှန် မှတ်တမ်းတင်ကား စီးပွားရေး မော်တော်ယဉ်ထုတ်လုပ်ရေး လူနေမှုပုံစံ နှင့်ဖျော်ဖြေရေးနှင့် နိုင်ငံရေးစသည့်အစီအစဉ်များကို စုံစုံလင်လင်ကို ထုတ်လွှင့်ပြသနေသော ရုပ်သံလိုင်းဖြစ်သည်။

  • Discovery Channel

    မြန်မာနိုင်ငံ လူကြိုက်အများဆုံးအဖြစ် ထင်ရှားသောလိုင်းဖြစ်ပြီး ကမ္ဘာပေါ်ရှိအကြီးဆုံး အခက်အခဲဆုံး အဆောက်အအုံများ ဆောက်လုပ်သည့် အစီအစဉ်များ၊   သိပ္ပံပညာနှင့်ဆက်စပ်သည့် ဖျော်ဖြေရေး အစီအစဉ်များ၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားမှုကိုပြန်လည်ဆန်းစစ်ထားသည့် အစီအစဉ်များစသည့် အစီအစဉ်ကောင်း များစွာပါဝင်နေပြီး ဗဟုသုတများစွာရရှိနိုင်မည့် ကမ္ဘာကျော်ရုပ်သံလိုင်း၊ သဘာဝလွန်ဖြစ်ရပ်ဆန်း အစီအစဉ်များပါဝင်သည့် ရုပ်သံလိုင်းဖြစ်ပါသည်။

  • Animal Planent 

    အိမ်မွေးတိရစ္ဆာန်ခွေးလေး၊ ကြောင်လေးတွေကို အလှဆင်းေးနေတဲ့အလှ ဖန်တီးရှင်များအကြောင်း၊ တောရိုင်းတိရစ္ဆာန်ကြီးတွေကို                လိမ္မာယဉ်ပါးလာအောင်  ထိန်းကျောင်းပေးတဲ့ အရှင်သခင်များ အကြောင်း ၊ရက်စက်ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်ခံရမှု့ကနေ လွတ်မြောက်လာတဲ့ လူတွေအကြောင်းစတဲ့ အစီအစဉ်ကောင်းတွေကို ထုတ်လွှင့်ပေးနေတဲ့ ရုပ်သံလိုင်းဖြစ်သည်။

  • NAT GEO Wild

     နိုင်ငံတကာမှ ရှားပါးသားရဲတိရစ္ဆာန်များ၏ သဘာဝနှင့် အလေ့အထများကို စွန့်စွန့်စားစား ရိုက်ကူး တင်ဆက်ပေးနေသော အစီအစဉ်များ၊ အသားစားကျားများနှင့်             အတူနေထိုင်ကာ ၄င်းတို့၏ သဘာဝကိုလေ့လာ ရိုက်ကူးတင်ဆက်ပေးနေသည့် Tigerman အစီအစဉ်နှင့် တောရိုင်းများ၏ နေထိုင်ကျက်စားပုံကို သဘာဝအတိုင်းရိုက်ကူးတင်ဆက်ပေးနေသောရုပ်သံလိုင်း ဖြစ်သည်။

  • National Geographic Channel

    တကယ်ရှိရဲ့လားဆိုတာကို မယုံကြည်နိုင်သူတွေအတွက် အဖြစ်အမှန် တစ္ဆေသရဲ တွေအကြောင်း ဖြစ်ရပ်မှန် တွေကို အသေးစိတ် ရိုက်ကူပြီးမြန်မာစာတန်းထိုးနဲ့       ကြည့်ရှု့နိုင်မဲ့ Is it Real အစီအစဉ် ၊ ကမ္ဘာ အကြီးမားဆုံး အဆောက် အဦးတွေ အကြောင်းကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပြသနေတဲ့ ကမ္ဘာကျော်ရုပ်သံလိုင်းဖြစ်သည်။

  • CCTV News

    တရုတ်ဗဟို ရုပ်/သံချန်နယ်ဖြစ်ပြီး ပေကျင်းအခြေစိုက်ဖြစ်င်္ပြီး သတင်းနှင့် တကွ ခြေခြေမြစ်မြစ် ရှိတဲ့ သတင်း ပို့ချက်များ၊ ဝေဖန်သုံးသပ်ရေးတွေကိုတင်ဆက်ပြီးသည့်       အင်္ဂလိပ်စာကားပြော ရုပ်သံလိုင်းဖြစ်ပါသည်။

  • FOX Crime

    ရာဇ၀တ်မှုများနှင့်စုံစမ်းဖော်ထုတ်မှုတွေကိုမအဓိကထားပြီးတင်ဆက်ပေးတဲ့ရုပ်သံလိုင်းဖြစ်ပြီး CSI Franchise, The Law & Order Franchise investigation ,Navy NCIS, Criminal Minds, Without a Trace စသည့်ရာဇ၀တ်မှုဆိုင်ရာအစီအစဉ်များကိုပြသသော ရုပ်သံလိုင်းဖြစ်ပါသည်။

  • BBC News

     ဗြိတိန်ရုပ်သံလွှင့်ကော်ပိုရေးရှင်း (British Broadcasting Corporation BBC)၏စီးပွားရေးလုပ်ငန်း ဆိုင်ရာဌာန တစ်ခု ဖြစ်၍ သတင်းနှင့်မျက်မှောက်ရေးရာများ                စုစည်းထုတ်လွင့်ရန် တာဝန်ယူဆောင်ရွက်သည်။ ကမ္ဘာ့အကြီးဆုံး သတင်းဌာနကြီးဖြစ်ပြီး ရေဒီယို နှင့်ရုပ်သံလိုင်းကြား ချန်နယ်အမျိုးမျိုးမှ နာရီ 120 စာခန့်ရှိသော               အစီအစဉ် များကို နေ့စဉ်ထုတ်လွှင့်နေပြီး အင်တာနက်မှလည်း ဘီဘီစီ ၏ အစီစဉ်များကို ကြည့်ရှုနိုင်သော ရုပ်သံလိုင်းဖြစ်သည်

  • FOX Sports, FOX Sports 2 , FOX Sports 3

        Bundesliga ဘောလုံးပွဲများ၊ တင်းနစ်၊ ဂေါက်သီး၊မြားပစ် ၊ ဘိလိယက်ပြိုင်ပွဲများ၊  ဆိုက်ကယ်၊ စက်ဘီး၊ စကိတ်စီးပြိုင်ပွဲများ          စသည့်အားကစားပြိုင်ပွဲများကိုပြသသော ရုပ်သံလိုင်းဖြစ်ပါသည်။

     
  • Fight Sports

    အတိုက်အခိုက် စိတ်ဝင်စားသော ပရိသတ်များအတွက် ရည်ရွယ်၍ ထုတ်လွှင့်ပြသသော ရုပ်သံလိုင်းဖြစ်ပြီး နာမည်ကြီး ကစားသမားများ၏ပြိုင်ပွဲများ၊ လေ့ကျင့်မှုများ၊ နိုင်ငံများသို့ လှည့်လည်ပြီးယှဉ်ပြိုင်သောပွဲစဉ်များကိုပြသပေးသောရုပ်သံလိုင်းဖြစ်သည်။

  • Baby TV

    ကလေးများအတွက်၂၄ နာရီကြော်ငြာမပါပဲ ထုတ်လွှင့်ပေးသော ရုပ်သံလိုင်းဖြစ်ပြီးကလေးများအပြင် မိဘများအတွက်ပါ ရည်ရွယ်ပြီးကလေးများရဲ့  ဖွံ့ဖြိုးမှု၊ပျော်စရာရွှင်စရာ      တွေနဲ့အိပ်ယာဝင်ပုံပြင်များ၊ ကလေးများဥာဏ်ရည်၊ဥာဏ်သွေးတိုးတက်စေသည့်အစီအစဉ်များနှင့်ကဗျာများကိုပါ ကာတွန်းရုပ်ပြများနှင့်သင်ကြားပေးသောရုပ်သံလိုင်း           ဖြစ်သည်။

  • History

    History ရုပ်သံလိုင်းသည် မှတ်တမ်းနဲ့ သမိုင်းနောက်ခံဇာတ်လမ်းအစီအစဉ်တွေများ၊  ဖြစ်ရပ်မှန်ရုပ်သံစီးရီးများ၊ စက်ရုံ၊အဆောက်အဦး၊  လမ်း၊ တံတားများဆောက်လုပ်ခြင်း       အစီအစဉ်များ ကိုဖျော်ဖြေရေး ပုံစံဖြင့်ပြသသည့် ရုပ်သံလိုင်းဖြစ်သည်။

     
  • CI

    တကယ့်ဖြစ်ရပ်မှန်မှုခင်း မှုခင်းဇာတ်လမ်းများ ဖြစ်ရပ်မှန် နောက်ကွယ် ကတကယ် အချက်အလက် အစစ်အမှန်တွေကို ရှာဖွေထုတ်လုပ်တင်ဆက်ပြီး          ဇာတ်လမ်းမဟုတ်ပဲ တကယ်ဖြစ်ရပ်မှန် မှုခင်းများကိုစုံစမ်းခြင်း စစ်ဆေးခြင်းများ ကိုထုတ်လွှင့် ပြသပေးသောရုပ်သံလိုင်းဖြစ်ပါသည်။

  • tvN

    ကိုရီးယာဂီတကိုမှ ကြိုက်နှစ်သက်သူများအတွက် ထုတ်လွှင့်ပေးနေသည့် K-pop အစီအစဉ်များ၊ တေးဂီတ၊ ဒရာမာ ဇာတ်လမ်း ၊ ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ်များ၊            ဖျော်ဖြေရေး၊ သတင်းများနှင့် အနုပညာရှင်တို့၏ နေထိုင်မှုပုံစံများပါဝင်သည့် အစီအစဉ်ကောင်းများကို ကမ္ဘာတစ်ဝန်း ထုတ်လွှင့် တင်ဆက်ပေးနေသည့် ရုပ်သံလိုင်း           ဖြစ်သည်။