High Definition
အရည်အသွေးမြင့် ရုပ်သံလိုင်းများ
  • MRTV -4 (HD)
    ဖျော်ဖြေရေးအစီအစဉ်များ၊ ကျန်းမာရေးအစီအစဉ်များ၊ သတင်းအချက် အလက်များ၊  အနုပညာလောကအကြောင်းအရာများ၊နိုင်ငံတကာရုပ်သံဇာတ် လမ်းတွဲ အစီအစဉ်များ ကို တင်ဆက်ပေးနေသောရုပ်သံလိုင်းဖြစ်သည်။
  • Channel 7 (HD)
    ဂိမ်းအစီအစဉ်များ၊ အဆိုပညာရုင်များကို မွေးထုတ်ပေးနေသော အိပ်မက်ဆုံရာ အစီအစဉ်၊ ဖက်ရှင်ရှိုးများ၊ ရုပ်သံဇာတ်လမ်းတွဲများ၊ Live Show များကိုပါထုတ်လွှင့်ပြသပေးသော ရုပ်သံလိုင်းဖြစ်သည်။
  • 4 HD
  • 4 Ladies (HD)
    အမျိုးသမီးပရိသတ်များ အတွက်ရည်ရွယ်ပြီးပြသသောရုပ်သံလိုင်းဖြစ်သည်။ အလှအပရေးရာ၊ ကျန်းမာရေး၊ အိမ်တွင်းမှုရေးရာ အဖြာဖြာနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ Fashion နှင့်ပတ်သတ်သော အစီအစဉ်များ၊ Game များ၊ ကိုရီးယားဇာတ်လမ်းတွဲများကို ပြသပေးနေသောရုပ်သံလိုင်းဖြစ်ပါသည်။
  • HBO (HD)
    နောက်ဆုံးထွက်ရှိထားတဲ့ ဟောလိဝုဒ် ရုပ်ရှင် တွေနဲ့ HBO ရဲ့ အသစ်စက်စက် မူပိုင်ရုပ်ရှင်များ၊ HBO ရဲ့ပွဲဦးထွက် ဇာတ်လမ်း တွဲသစ်တွေနဲ့တကွ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွေကို ကြည့်ရှုလိုသူများအတွက လတစ်လ ရဲ့ နောက် ဆုံး စနေနေ့တိုင် ည၁၀နာရီ ၃၀မိနစ် မှာ The Dark  Room အစီအစဉ် ကနေ စောင့်မေဆာ် ကြည့်ရှု့ နိုင်မှာဖြစ်ပြီး အာရှ ရုပ်သံလိုင်း မှာ ပထမဆုံး ထုတ်လွှင့်တဲ့ ရုပ်ရှင် ဇာတ်ကားကောင်းများအား ထုတ်လွှင့်ပြသပေးနေသည့် ကမ္ဘာ့ အကောင်း ဆုံ ရုပ်ရှင် သီးသန့် ရုပ်သံလိုင်းဖြစ်ပါသည်။
  • FOX Movie Premium (HD)
    လူကြိုက်များသည့် ကမ္ဘာကျော် ဟောလိဝုဒ်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများ၊ သာမက တေးဂီတ ဖျော် ဖြေရေးပွဲများနှင့် ဆုရမှတ်တမ်းရုပ်ရှင်များ၊ Oscar ၊ Golden Globe ၊ Movies Film Award စသည့် တိုက် ရိုက် ထုတ်လွှင့်မှု့ အစီအစဉ် များ ၊ဆုပေးပွဲများအား ထုတ်လွှင့်ပြသပေးနေသော ကမ္ဘာကျော် ရုပ်သံလိုင်း ဖြစ်ပါသည်။
  • FOX Action Movie (HD)
    ဆန်းသစ်သောရုပ်သံကြည့်ရှုခံစားမှုကို ၎င်း၏ ၂၄နာရီပတ်လုံးမရပ်မနား ထုတ်လွှင့်သော အက်ရှင် ဇာတ် လမ်း များဖြင့် ရသခံစားမှုအသစ်ကိုပေးမည့်ရုပ်သံလိုင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းအကောင်းဆုံးသော၊ အပြောင် မြောက်ဆုံးသောအက်ရှင်ဇာတ်ကောင်များကိုထုတ်လွှင့်ပြသလျက်ရှိသဖြင့် အက်ရှင်ဇာတ်လမ်း ကောင်းများကို နှစ်သက်သောပရိသတ်များအတွက် ရုပ်သံလိုင်းဖြစ်သည်။
  • StarWorld (HD)
    ရုပ်သံဇာတ်လမ်းတွဲများ၊ ဟာသဇာတ်လမ်းတွဲများ၊ Reality Show များ၊ Model Show များ၊ Fashion Show များ၊ ဟင်းချက်ပြိုင်ပွဲများ၊ ရုပ်ရှင် ဂီတဆုပေးပွဲများကိုတင်ဆက်ပေးသည့် ဖျော်ဖြေရေးရုပ်သံလိုင်းဖြစ်ပါသည်။
  • FOX Sports HD, FOX Sports 2HD, FOX Sports 3HD
         Bundesliga ဘောလုံးပွဲများ၊ တင်းနစ်၊ ဂေါက်သီး၊မြားပစ် ၊ ဘိလိယက်ပြိုင်ပွဲများ၊  ဆိုက်ကယ်၊ စက်ဘီး၊စကိတ်စီးပြိုင်ပွဲများစသည့် အားကစားပြိုင်ပွဲများကိုပြသသော ရုပ်သံလိုင်းဖြစ်ပါသည်။
  • National Geographic Channel (HD)
    တကယ်ရှိရဲ့လားဆိုတာကို မယုံကြည်နိုင်သူတွေအတွက် အဖြစ်အမှန် တစ္ဆေသရဲ တွေအကြောင်း ဖြစ်ရပ်မှန် တွေကို အသေးစိတ် ရိုက်ကူပြီးမြန်မာစာတန်းထိုးနဲ့ ကြည့်ရှု့နိုင်မဲ့ Is it Real အစီအစဉ် ၊ ကမ္ဘာ အကြီးမားဆုံး အဆောက် အဦးတွေ အကြောင်းကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပြသနေတဲ့ ကမ္ဘာကျော်ရုပ်သံလိုင်းဖြစ်သည်။
  • NAT GEO Wild (HD)
    နိုင်ငံတကာမှ ရှားပါတဲ့သားရဲတိရစ္ဆာန်တွေရဲ့ သဘာဝနဲ့ အလေ့အထတွေကို စွန့်စွန့်စားစား ရိုက် ကူး တင်ဆက်ပေးနေတဲ့ အစီအစဉ် တွေ ၊ အသားစား  ကျားတွေနဲ့ အတူနေထိုင်ကာ ၄င်းကောင်း တို့ရဲ့ သဘာဝကိုလေ့လာ ရိုက်ကူ တင်ဆက် ပေး နေသည့် Tigerman အစီအစဉ်နဲ့ တေားရိုင်း တွေရဲ့ နေထိုင်ကျက်စားပုံ ကိုသဘာဝ အတိုင်းရိုက်ကူး
    တင်ဆက်ပေး နေတဲ့ ရုပ်သံလိုင်း။
  • NAT GEO People (HD)
    ကမ္ဘာတစ်ဝန်းရှိ နှစ်သက်စရာကောင်းသော  နေရာများနှင့် ၎င်းတို့၏လူနေမှုဘဝ၊ ယဉ်ကျေးမှု တို့ကိုစိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးတင်ဆက်ထားသော ရုပ်သံလိုင်းကောင်းတစ်ခုဖြစ်ပါသည်။ နှစ်သက်ဖွယ်ရာ အကောင်းဆုံးသော အစားအသောက်များ၊ မမေ့နိုင်စရာခရီးသွား အတွေ့အကြုံများကိုကိုယ်တိုင်တွေ့ကြုံနေရ သကဲ့သို့ ကြည့်ရှုခံစားရမည့် ရုပ်သံလိုင်းတစ်ခုဖြစ်ပါသည်။
  • Star Chinese Movies HD
    Nat Geo Music HD Channel သည် FOX Network Group မှပိုင်ဆိုင်ပြီး ဂီတပေါင်းများစွာကိုတင်ဆက်ပြသသောလိုင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှာရှိသော ယဉ်ကျေးမှု့နှင့် ဂီတ ထိတွေ့သေားအခါ ဖြစ်ပေါ်လာသော အကြောင်းအရာများကိုမှတ်တမ်းတင်ထား သော ရုပ်သံလိုင်းဖြစ်သည်။ Rock ဂီတကို ဦးစားပေးတင်ဆက်ပြသပြီး Channel-V ကဲ့သို့သော Music Channel တစ်ခုလဲဖြစ်သည်။
  • tvN
    ကိုရီးယာဂီတကိုမှ ကြိုက်နှင့်သက်တဲ့သူများအတွက် ထုတ်လွှင့်ပေးနေတဲ့ K-pop အစီအစဉ်များ၊ တေးဂီတ ၊ ဒရာမာ ဇာတ်လမ်း ၊ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ်တွေ ၊ဖျော်ဖြေရေး၊သတင်းတွေနဲ့ အနုပညာရှင်တို့ရဲ့နေ ထိုင် မှု့ပုံစံ တွေပါတဲ့ အစီအစဉ်ကောင်းများ ရုပ်သံလိုင်းမှကမ္ဘာ တစ်ဝန်းထုတ်လွှင့် တင်ဆက်ပေးနေတဲ့ ရုပ်သံ လိုင်း ဖြစ်သည်။
  • Star Chinese Movies HD
    ဂျက်ကီချန်၊ ချောင်ယွန်းဖက်၊ စတီဖင်ချောင် အစရှိသည့် နာမည်ကြီး သရုပ်ဆောင်များပါဝင် သောတရုတ် ရုပ်ရှင်ဇာတ်ကားကောင်းများကို၂၄နာရီပတ်လုံး ထုတ်လွှင့်သောနာမည်ကြီးရုပ်ရှင်ကုမ္ပဏီ 21st Century Fox ရုပ်သံလိုင်းကောင်းတစ်ခုဖြစ်ပါသည်။